R🌸 U

106 20 0
                                    

ချစ်ရသူကျောခိုင်းထွက်သွားတော့မှ မျက်နှာပေါ် လက်ဖဝါးနှစ်ဖက်ကိုအုပ်ပြီး ‌ရှိုက်ကြီးတငင် ငိုကြွေးမိတော့တယ်။

လမ်းခွဲစကားပြောနေတဲ့အချိန် ဒီ ရင် နာကျင်နေတာ သူ့ထက်ဘယ်သူမှမသိနိုင်။

အနာဂတ်အထိ အစီအစဉ်တွေချထားခဲ့တဲ့ သူတို့ ဒီလိုအဆုံးသတ်ရမယ်လို့ တကယ်မထင်ခဲ့ဘူး ။

သူ့ရင်ဘတ်အစုံက သိပ်ပူလောင်နေခဲ့ပြီ။

ခြေတစ်လှမ်းလှမ်းတိုင်း နှလုံးသားတစ်ခုလုံးဟာ ကွဲကြေမတတ် ။

_🌸

" ကျွန်တော့်ကို မှတ်မိတယ်မဟုတ်လား အစ်မ"

" အဲ့ဒီ့နေရာမှာ ကောင်းကောင်းမွန်မွန် နေ‌နေမှာပါနော် "

မျက်နှာပြောင်တိုက်ပြီး ရောက်လာခဲ့တာ Yoongiရဲ့အစ်မဆီ ။

" ဖြစ်ပျက်ခဲ့သမျှအတွက် အဖေ့ကိုယ်စား တောင်းပန်ပါရစေ "

" စိတ်မကောင်းပေမဲ့ "

ပြုံးရယ်နေတဲ့အစ်မရဲ့ဓာတ်ပုံလေးရှိတဲ့မှန်ဘောင်လေးရှေ့ ဒူးထောက်လိုက်မိပြီး

" ကျွန်တော်တို့ မှားခဲ့ပါတယ် "

" အရမ်းနောက်ကျသွားပြီဆိုပေမဲ့ "

" အဖေ့အစား တောင်းပန်ပါတယ်ဗျာ "

" ခွင့်လွှတ်လို့မရမှန်း သိပါတယ် "

" စိတ်ချပါ အဖေ အပြစ်ကိုခံယူအောင် ကျွန်တော်ကူညီပေးပါ့မယ် "

နှစ်ဖက်လုံးက ကိုယ်ချစ်တဲ့သူတွေချည်းဖြစ်နေပြန်တော့။

နောက်ဆုံး ကြားထဲက နာကျင်ရတာ ကိုယ်ကိုယ်တိုင်။

နာကျင်လွန်းလှတဲ့ ရင်ဘတ်ကတဆင့် မျက်ရည်တွေက စီးကာလိမ့်ကာ။

" အခုချိန်မှ ဒူးထောက်လဲ ဘာမှထူးမလာဘူး "

ပန်းစည်းသေးသေးလေးကို မှန်ဘောင်မှာကပ်ရင်း ဆိုလာတဲ့ Jihun hyung။

" hyung.."

" ချစ်ရသူကိုဆုံးရှုံးရတာ ဘယ်လောက်နာကျင်ရလဲဆိုတာ မင်းသိလား "

" ကျွန်တော်... "

" မင်းအဖေရဲ့လုပ်ရပ်က ခွင့်လွှတ်လို့မရနိုင်ဘူး "

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now