U🌸 U

96 20 0
                                    

မျက်စိရှေ့မှာရှိနေတာက ကိုယ့်ရဲ့အဖေ...

ဒီနေ့တော့ အဖေနဲ့ ဒီကိစ္စကိုရှင်းဖို့ စဉ်းစားထားတယ်။

ဒီ့ထက်ပိုပြီး Yoongiအပေါ် အရူးမလုပ်ချင်တော့။

Jihun hyung ရဲ့အသံဖိုင် နဲ့အတူ အညိုရောင်စာအိတ်တစ်ခုကို စားပွဲပေါ်ပစ်တင်မိလိုက်တယ်။

" အဖေ့လုပ်ရပ်တွေ "

" ကျွန်တော်တကယ်မယုံနိုင်ဘူး "

" ဘယ်လိုများ နေနိုင်ရတာလဲဗျာ "

တစ်ဖက်မိသားစုကို အားနာလွန်းလို့ ။

အဖေဖြစ်သူအပေါ်လည်း ခံပြင်းမိ ။

သူမျက်ရည်ကျဖို့သာ တတ်နိုင်တယ်။

ယောက်ျားတန်မဲ့ မျက်ရည်မကျချင်‌ဘူး။
ဒါပေမဲ့ တစ်ဖက်လူက သူတို့ကြောင့် သေမတတ်ခံစားခဲ့ရတယ်ဆိုတာ တွေးမိတိုင်း သူ့ရင်ထဲမွန်းကြပ်လာရတယ်။

နောက်ပြီး သူစိမ်းမဟုတ် သူအရမ်းချစ်ရတဲ့ချစ်သူ။

" Yoongi ကတကယ်တော့.. "

" အဖေသိပါတယ် "

" ဗျာ ! "

သူ ထိတ်လန့်သွားမိတယ် ။

အဖေက သိနေတယ်တဲ့လား  ။

သိသိရက်နဲ့ သူတို့နှစ်ယောက်ကို လက်ခံရဲတဲ့ အဖေ။

" အဖေ !!!!! "

" အဖေ လွန်တယ် မထင်ဘူးလား ! ဘယ်လိုတောင် လက်ခံနိုင်ရတာလဲ ! ကြားထဲက ကျွန်တော် နဲ့ Yoongi ကပါ ! "

" တောင်းပန်ပါတယ် သားလေး "

" မတောင်းပန်နဲ့ !!! မလိုချင်ဘူး "

ကျဆင်းလာတဲ့ မျက်ရည်တွေက အတားအဆီးမရှိ ။

သူကိုယ်တိုင် တားဆီးပစ်ဖို့တောင် ခဲယဉ်းလှသည်။

" အဖေ Yoongiအပေါ် နည်းနည်းလေးတောင် အားနာစိတ်မရှိဘူးလား "

" ကျွန်တော် ငယ်ငယ်ကတည်းက အဖေ့ကို အားကျခဲ့တာ အတုယူခဲ့တာ "

" အဖေကကျွန်တော့်အတွက် ဟီးရိုးကြီးပဲ "

" ဒါကို အဖေဘယ်လိုတောင် ! "

" ဘယ်လိုတောင် လုပ်ရက်ရတာလဲဗျာ ! "

" ကျွန်တော် Yoongi ကိုဘယ်လိုမျက်နှာပြရပါတော့မလဲ အားနာလွန်းလို့ အားနာလွန်းလို့ !!!"

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now