A🌸 U

106 20 0
                                    

တကယ်ပဲ Yoongiပြန်နိုးလာပေးခဲ့တယ်။

ကုတင်ကိုကျောမှီလျက် သွေးမရှိ ဖြူဖျော့နေတဲ့နှုတ်ခမ်းထက် မျက်ဝန်းသေတစ်စုံက အသက်မရှိတဲ့ လူတစ်ယောက်လို ။

ချစ်ရသူနဲ့တစ်မိုး‌အောက်တည်းအတူရှိနေတယ်ဆိုတဲ့အသိက Jimin အတွက်တော့။

ပျော်ရွှင်တယ်လို့လဲ မဆိုသာသော ခံစားချက်တွေ။

ဘာပဲဖြစ်ဖြစ် သူ Yoongiနဲ့ မျက်နှာချင်းမဆိုင်ဝံ့ ။

ကိုယ့်ကိုကိုယ် အပြစ်ရှိသူတစ်ယောက်နှယ်။

ရှောင်ပြေးနေမိပြန်တော့လဲ သူ အနီးမှာရှိနေတယ် ဆိုတာ Yoongiကိုမသိစေချင် ။

ရိုးတွင်းခြင်ဆီ အစားထိုးဖို့ Yoongiအတွက်သင့်တော်တဲ့ရိုးတွင်းခြင်ဆီရှာဖွေနေဆဲ။

ကူညီနိုင်မယ်အထင်နဲ့ ကံကိုယုံကြည်ပြီး ခြင်ဆီစစ်ဆေးတဲ့ဌာနကို သွားခဲ့တယ်။

သူဘယ်လောက်ပဲနာကျင်ပါစေ ။

ချစ်ရသူ နေပြန်ကောင်းလာတာကိုပဲ လိုချင်တယ်။

____

Yoongiအတွက် ရိုးတွင်းခြင်ဆီစစ်ဆေးမှုမှာ အားလုံးထဲက အကိုက်ညီဆုံးက Jiminဖြစ်လို့နေတယ် ။

လိုအပ်တဲ့ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေပြီးတာနဲ့ Yoongi အစားထိုးကုသနိုင်ဖို့ Jimin ခွဲခန်းဝင်ဖို့ဖြစ်လာခဲ့သည် ။

သို့ပေမဲ့ အလှူရှင်ကJimin ဆိုတာကို Yoongiမသိစေဖို့ အားလုံးကို အကူအညီတောင်းခဲ့မိပြီ ။

ဒါနောက်ဆုံးအနေနဲ့ Yoongiအတွက် Jiminရဲ့ တောင်းဆိုမှု။

အားလုံးပြီးသွားတဲ့တစ်နေ့ Yoongiအနားကနေ ထွက်သွားဖို့လဲဆုံးဖြတ်ပြီးပြီ ။

_🌸

" သက်သာရဲ့လား "

Jihun အမေးကို နှုတ်ခမ်းလှုပ်ရုံမျှ တုံ့ပြန်လိုက်တဲ့အခါ

သက်ပြင်းချသံ သဲ့သဲ့သာ ကြားလိုက်ရတယ်။

" ကိုယ့်အကြောင်းကိုယ်သိရဲ့သားနဲ့ "

" အရူးလို အရက်တွေသောက်ခဲ့တယ် "

" ငါဘယ်သူနဲ့မှ စကားမပြောချင်ဘူး "

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now