SAKURA_LAST🌸 U

160 21 0
                                    


အပြင်ဘက်မှာ အေးစိမ့်နေပေမဲ့.... အခန်းတွင်း၌ နွေးနွေးထွေးထွေးသာ။

အနှစ်သက်ဆုံးစာအုပ်ကို ရှေ့ဆုံးမှနေ ဖတ်ရှုနေခဲ့တာ...တစ်ဝက်ပင်ရောက်တော့မည်။

စာအုပ်ထဲက အကြောင်းအရာလေးအတိုင်းပဲ...

ကိုယ့်ဘဝဟာ...လေပြည်ညွှန်းရာလမ်းကြောင်းမှာ..မျောလွင့်နေတဲ့..အထီးကျန်တိမ်စိုင်ငယ်လေးတစ်ခု။

ဝါကျင့်ကျင့်စာရွက်တွေကြား...ခြောက်သွေ့စွာတည်ရှိနေတဲ့...ဆာကူရာပန်းလေးတစ်ပွင့်။

ဘာလိုလိုနဲ့...အချိန်တွေကျော်လွန်လာခဲ့တာ  ဖြစ်ခဲ့တာတွေ အားလုံးက..အစစ်အမှန်အတိတ်တွေသာဖြစ်ခဲ့ပြီ။

သူတို့နှစ်ယောက်ဝေးကွာခဲ့သည်မှာလည်းခြောက်‌သွေ့နေတဲ့ချယ်ရီပန်းလေးတစ်ပွင့်ရဲ့သက်တမ်းတမျှကြာမြင့်ခဲ့ပြီ။

ပြက္ခဒိန်ပေါ်က ရေးမှတ်ထားတဲ့ ရက်စွဲလေးကိုကြည့်ပြီး...9ကြိမ်မြောက် ပရဟိတပွဲအတွက် ပြင်ဆင်ခဲ့တယ်။

အိမ်နဲ့အနီးမှာရှိတဲ့ Berlin 's Cathedralလို့အမည်ရတဲ့ Churchကျောင်းမှာ လေးလတစ်ကြိမ်..ပရဟိတပွဲလေးလုပ်ဖြစ်တယ်..။

P

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

P.Jimin အမည်ခံပြီး မိဘမဲ့ကလေးတွေအတွက် လိုအပ်မဲ့အထောက်အပံ့ပစ္စည်းတွေဝေပေးလေ့ရှိတယ်။

ဖာသာကြီးကတောင် Jiminကိုကောင်းကောင်းမှတ်မိနေသည်အထိ။

Berlinမှာနေစဉ်တစ်လျှောက်..ဖာသာကြီးရဲ့အကူအညီကြောင့်..လိုတာထက်ပိုအဆင်ပြေခဲ့တယ်။

" Vater ! "
(ဖာသာ!)

" Bist du gesund, Jimin?"
(ကျန်းမာပါရဲ့လား Jimin )

"Ja... Phathagyi ist auch gesund."
(ဟုတ်ကဲ့ဗျ... ဖာသာကြီးလည်း ကျန်းမာပါတယ်နော် )

🌸ဆာကူရာရဲ့စကားသံ🌸 (Completed)Where stories live. Discover now