Chapter 1

819 34 5
                                    

Kawila Company အစည်းအဝေး

Film ချစ်ရတဲ့ကောင်လေး Tre Porapat မွေးနေ့မို့ ဒီနေ့အစည်းအဝေးအမြန်ပြီးစေချင်သည်။အိမ်က သဘောတူလို့စေ့စပ်ထားတယ်ဆိုသော်လည်း ငယ်ကတည်းက အတူသွားအတူလာ သံယောဇဉ်ရှိလေတော့ အချစ်လား သံယောဇဉ်လား ခွဲခြားမရတော့ချေ။ပြီးတော့ ဒီနေ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်လို့လည်း ဆိုရပေမည်။

"မားရေ Nong Tre အပေါ်မှာရှိလား "

" ရှိတယ်သားရေ သူ့မွေးနေ့ သူ့ P film လာခေါ်မှာဆိုပြီးစောင့်နေတယ် တက်သွားလိုက်သားရေ"

Tre စောင့်နေတာအတော်ကြာပါပြီ။ မနေ့ကပြောတော့ အစောကြီးလာခေါ်ပါမယ်တဲ့။ခုတော့ နေ့လည် ၁၂‌ တောင်ထိုးတော့မည် P film အရိပ်အယောင်တောင်မတွေ့။

" Nong Tre ရေ  P Film ဝင်လာမယ်နော် အစည်းဝေး ကကြာနေလို့နောက်ကျသွားတယ် Happy birthday par Nong Tre ရော့.. မွေးနေ့လက်ဆောင် ကြိုက်လား မွေးနေ့လက်ဆောင်လို့လည်းပြောလို့ရတယ် ချစ်သူသက်တမ်းတစ်နှစ်ပြည့်လက်ဆောင်လို့လည်း ပြောလို့ရတယ် လာကိုယ်ဝတ်ပေးမယ် ဒါ Limited edition နော် ဒီကမ္ဘာပေါ်မှာ ၂ကွင်းပဲရှိမှာ ကိုယ့်လဲဝတ်ပေး "

" လှလိုက်တာ လက်စွပ်လေးက P Film ကျေးဇူးပါ။ သွားကြမယ်လေ P Film သူငယ်ချင်းတွေနဲ့လဲ‌ချိန်းထားတာနောက်ကျနေပြီ P တအားနောက်ကျနေတာ"

Film စိတ်ထဲတော့နည်းနည်းတင်းသွားသည် Film လဲ Film ချစ်သူဆီက ချစ်သူ့သက်တမ်းတစ်နှစ်ပြည့်လက်ဆောင် သေးသေးလေးဖြစ်စေ လိုချင်တာပေါ့။ Tre ပေးတာဆို ဘာဖြစ်ဖြစ်ပေါ့ မွေးနေ့မို့ ခွင့်လွှတ်ပေးလိုက်မယ် ကောင်လေး။

Rosy Food & Drink Restaurant

" မင်္ဂလာပါ P Film ရတယ် လွပ်လွပ်လပ်လပ်သာနေကြ"

"Tre ရေအသက် ၂၇ နှစ်ပြည့်သွားတာ ဂုဏ်ယူပါတယ်"

"ခွေးကောင်တွေ ၂၇ ဆိုတာချည်း ထည့်မပြောစမ်းပါနဲ့... ညီမလေး Mai ရောက်သေးဘူးလား"

Tre အမေးကို

" ညမှ Club လာကဲမယ်တဲ့... မင်းကိုလဲ တောင်းပန်တယ်ပြောပေးပါဦးတဲ့ "

Tre မျက်နှာဝမ်းနည်းသလိုဖြစ်သွားတာကြည့်ပြီး Film ‌တွေးတောနေတယ် ညီမလေး Mai ကအချော အလှလေး Nong Treကများ ....မဟုတ်လောက်ပါဘူး။

❤️ Never stop loving ❤️ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ