Chapter 10

360 19 2
                                    

Adult warning !!!!!

Jam Computer ကိုကြည့် အလုပ်လုပ်ချင်ဟန်ဆောင်ပြီး တစ်ချက်ကိုကို့ဆီ လှမ်းကြည့်လိုက်တော့....အံ့မယ် ကိုကိုကဗျာ သူ့ရုံးခန်းကျနေတာပဲ Jam ဧည့်စားပွဲရဲ့ အပေါ်နံရံမှာ TV တပ်ထားကို အသံတိုးတိုးလေးဖွင့်ပြီး ကြည့်နေတာဗျာ

" အဟမ်း .... ကိုယ့်အိမ် ကိုယ်ယာ့လိုပဲနော် "

" အင်းလေ.... Jam ပဲပြောတော့ Jam ပိုင်တာ ကိုယ်ပိုင်တာဆို ပြီးပြီလား စားမယ်လေ "

" Jam တို့ကုမ္ပဏီက ကျွေးတဲ့ မုန့်တွေက ကိုကို့အကြိုက် ဂျပန်စာတွေနော်.... ကိုကိုလဲ Jam စားဖို့ ဝက်သားကင်နဲ့ ထမင်းကြော်ဝယ်လာခဲ့တယ် ရော့ Jam Jam စား "

ကိုကိုနဲ့ Jam ပလုပ်ပလောင်းစားနေကြတုန်း Tong Tong နဲ့ Tong Tong ကောင်မလေးရောက်လာတယ်။ Jam ကနေပြီးတော့ Tong Tong ရည်စားကို

" ချစ်လေး .... ကိုယ် ချစ်လေးကို Tong Tong နဲ့ခေါ်ခိုင်းလိုက်လို့ စိတ်မဆိုးနဲ့နော်ချစ်လေး ... ချစ်လေး ကိုကို့နားထိုင်ပါဦး "

" ကိုကို ဒါ ကျွန်တော့်ကောင်မလေးလေ ကိုကိုရဲ့ လှလား " ဆိုပြီး ပြောလိုက်တော့ ကိုကို့မျက်နှာက မျက်ရည်တွေဝိုင်းလာပြီး ကိုကိုထထွက်သွားတယ်ကိုကိုထွက်သွားတာနဲ့ Tong Tong ဆွဲလာတဲ့အထဲက အဝတ်ထုတ်ထဲကအဝတ်တွေလဲရုပ်ဖျက်ပြီး အပြေးလိုက်ရတယ်။ ခုနက Computer မှာအလုပ်လုပ်ချင်ဟန်ဆောင်တုန်းက Tong Tong နဲ့ Lineပေါ်မှာကြိုညှိထားတာလေ ကိုကိုအူတိုအောင်လို့။

ကိုကိုနောက်လိုက်ကြည့်တော့ ထုံးစံအတိုင်းကိုကိုတို့ကတော့ ကလပ်ထဲဝင်သွားတယ်လေ။ အစကတော့ ချက်ချင်းလိုက်ဝင်ချော့မလို့ပါပဲ ... ကိုကိုမူးရင် ချစ်စရာလေးမို့ ဆိုင်မန်နေဂျာနဲ့စကားပြောရင်း ကိုကိုသောက်နေတဲ့ အခန်းCCTV screen ကိုကြည့်နေလိုက်တယ် ဟောဗျာ ကိုကိုက ပုလင်းလိုက်ကိုမော့နေတာဗျာ 2 ပုလင်းလောက်သောက်ပြီး ပြန်ထွက်လာလို့ Jamတို့ ဂျောင်ကပ်ပုန်းလိုက်ရတယ်။ကိုကိုကကောင်တာမှာပိုက်ဆံရှင်းပြီးထွက်သွားလို့ နောက်ကနေအပြေးလိုက်ရတယ်။ ဘယ်သွားတာပါလိမ့်.... မဟုတ်မှ Jam အိမ်ကိုသွားတာလား ? ဒါနဲ့ Jam ကားကိုတခြားလမ်းမှာရပ်ပြီး လမ်းကြားကနေအိမ်ကိုအပြေးသွားလိုက်တယ် ကားနဲ့သွားရင်ကြာတယ်လေ....

❤️ Never stop loving ❤️ (Completed)Where stories live. Discover now