Chapter 11

369 16 0
                                    

Film မနက်နိုးလာ‌တော့မျက်နှာကြတ်က ကိုယ့်အိမ်ဟုတ်မနေပေ Memory‌ ပြန်ခေါ်ရင်း ဘေးဘက်ကို ခေါင်းစောင်းကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Jam ကို တွေ့လိုက်တာမို့ မနေ့ညကဖြစ်ပျက်ခဲ့သမျှကို အတည်ပြုပေးလိုက်သလိုမို့ Film မျက်နှာနီရဲလာသည် ထဖို့အလုပ် ခန္ဓာကိုယ်အောက်ပိုင်းကနည်းနည်းအောင့်သွားတာမို့ ငြိမ်ငြိမ်ပြန်လှဲလိုက်ရသည်။ လှဲနေရင်း Jam က နိုးလာတာမို့ မျက်လုံးမှိတ်လိုက်တယ်။

Jam နိုးလာတော့ ဘေးက ကိုကို့ နဖူးလေးကိုနမ်းလိုက်ပြီး

" ကိုကို Good Morning " ဆိုပြီးပြောကာ

ကိုကို့နဖူးကိုစမ်းကြည့်တော့ကိုယ်ငွေ့နည်းနည်းနွေးနေတာမို့ Jam အိပ်ရာမှ ထကာ ကိုကို့ကို စောင်ပြန်ပြင်ခြုံပေးလိုက်ပြီး ကိုကို့ဖို့ မနက်စာပြင်ဖို့ အောက်ထပ်ဆင်းလိုက်တယ်။ မနေ့ညက ညနက်မှ Tong Tong ဆီက ဖုန်းလာတာမို့ ကိုကိုမနိုးအောင်ဖုန်းအမြန်ထကိုင်တော့ ဘိုးနဲ့ဘွားက Tong Tong အမေတို့နဲ့ short trip ထွက်သွားကြောင်းလှမ်းပြောတာမို့ ဘွားတို့က နောက် နှစ်ရက်လောက်နေမှ ပြန်လာကြလိမ့်မည်။ ကိုကိုနဲ့ Jam စားဖို့  ဆန်ပြုတ်ပြုတ်ပြီးသွားတာမို့ အိုးကိုမီးရှိန်လျှော့ကာ ကိုကို့ကိုအပေါ်တက်နိုးဖို့ပြင်ရတယ်။

ကိုကို့ကိုတစ်ချက်နမ်းလိုက်ပြီး

" ကိုကို ထတော့လေ... အလုပ်မသွားတော့ဘူးလား "

ကိုကိုမျက်လုံးပွင့်လာပြီး ရှက်နေတဲ့လေသံလေးနဲ့

" Jam ....ကိုကို... ထကြည့်ပြီးပြီ မထနိုင်ဘူး "

" ဟင်း ...Jam ချီမှာပေါ့ ကိုကိုရဲ့ ကိုကိုရေချိုးဦးမလား အောက်ထပ်မှာ ဆန်ပြုတ်အိုးတော့ မီးရှိန်လျှော့ထားခဲ့တယ် Jam နဲ့ကိုကို ရေချိုးမျက်နှာသစ်ပြီးမှ ဆင်းစားမလား "

" ဟို.... ဘွား နဲ့  ဘိုး ရော "

" ကိုကိုရှက်နေတာလား...ဘွားတို့မရှိဘူးခရီးထွက်သွားကြတယ် ကိုကိုနဲ့ Jam နှစ်ယောက်တည်း " လို့ပြောလိုက်တော့ မျက်နှာကနီရဲလာတာဗျား အူယားလိုက်တာ

" ကိုကိုခဏစောင့် ရေချိုးခန်းက ရေချိုးကန်ထဲ ကိုကိုချိုးဖို့ ရေနွေးစပ်လိုက်ဦးမယ် ကိုက်ခဲတာ သက်သာသွားလောက်မှာပါ "

❤️ Never stop loving ❤️ (Completed)Where stories live. Discover now