Chapter 7

302 17 3
                                    

အားပါးပါး....ကိုကို့ရှေ့မို့သာ ကိုကိုကလက်သံပြောင်လိုက်တာဗျာ ဒီပုံစံဆို ရချာတာတို့ နောက်လဲအထိုးခံရဦးမယ့်ပုံပါပဲ.....

" အားလုံးလူစုပေးကြပါ သဘက်ခါ 3ညအိပ် ချင်းမိုင်‌ Perfume ဈေးရောင်းပွဲတော်ကို ကုမ္ပဏီကလူ အားလုံးလိုက်ပါရပါမယ် ရောင်းအားအကောင်းဆုံးရောင်းနိုင်တဲ့သူတွေအတွက် လကုန်ဘောနပ်ရပါမယ် အားလုံးလိုအပ်တာ အကုန်ထည့်လာပေးကြပါ ဟိုတယ်ကတော့ P Film ရဲ့ အကိုက အကုန်လုံးအတွက် အခန်းစီစဉ်ပေးထားပါတယ် အားလုံးမေးစရာရှိရင်လာမေးနိုင်ပါတယ်" လို့ ကိုကို့ ရဲ့ အတွင်းရေးမှူးကကြေညာနေတယ်။

ကိုကို့ကတော့အရှောင်ကောင်းလိုက်တာ အဲ့နေ့ပြီးကတည်းက ကိုကို့ရုံးခန်းပေါက်မှာ ရချာတာ မဝင်ရလို့ မကပ်ရုံတမယ်ပဲ JamJam ကိုကို့ဆီလာရင် အတွင်းရေးမှူးမမက သူ့‌ပေးလိုက်ချည်းပဲ.... Perfume ဈေးရောင်းပွဲတော်ကျရင်တော့ ကိုကို့ကိုတွေ့ရလောက်မှာပါ

ဝါး လှလိုက်တာ ကိုကို့ရဲ့အကိုငှားပေးတဲ့ ဟိုတယ်က ပင်လယ်ကမ်းခြေပါပါသေး 3ညအိပ်ဆိုပေမယ့် 2ညပဲဈေးရောင်းပွဲတော်ကျင်းပမှာဖြစ်ပြီး 2ရက်မြောက်ညကနေ3ရက်မြောက်ညထိအပီကဲပြီးမှ ပြန်ရမှာဖြစ်သည်။ ကိုကိုကို့ရှာရတာခက်လိုက်တာဗျာ စီးရတဲ့ကားတွေကမတူတော့ခုထိမတွေ့သေးဘူး....

" အားလုံး...အားလုံးလူစုပေးကြပါ ခဏနေရင်ကိုယ်အုပ်စုနဲ့ကိုယ်နေရမယ့်အခန်းမှာ အထုတ်တွေနေရာချပြီး နောက်2နာရီနေရင် ဈေးရောင်းပွဲတော်စမှာပါ အားလုံးပဲ အာရုံစိုက်ပေးကြပါ" လို့ ဝန်ထမ်းတစ်ယောက်ကအော်နေတာမို့ အပြေးပြင်ရတယ် Jamကိုယ်တိုင်လဲအပီအပြင်ပြင်ဆင်ရတယ် ကိုကို့မျက်လုံးထဲချောနေဖို့လိုတယ်လေ.....

တွေ့ပါပြီဗျာ All Black လေးနဲ့ကိုကိုကသိပ်ခန့်ညားတာပဲ ဒါပေမယ့် Jamရဲ့မျက်လုံးထဲတော့ ကလေးကိုလူကြီးအင်္ကျီကောက်စွပ်ပေးထားသလိုပါပဲ ဟက်ဟက်..... ကိုကိုကမလှမ်းမကမ်းကနေ ကျွန်တော့်မြင်သွားတယ် ဟောဗျာ...လူလဲမြင်ရော လှစ်ခနဲပဲ ဘယ်ရောက်မှန်းတောင်မသိ......။

Film တစ်ယောက် Jam Rachata ကိုတွေ့တာနဲ့ လူကဟိုနေ့ကအနမ်းခံရတာပဲ မြင်မြင်လာတယ် ရှက်တာနဲ့ လှည့်ထွက်လာခဲ့ရတယ် ဒီကရင်ဘတ်ကြီးကလဲ တဒိန်းဒိန်းနဲ့.....ဘာလဲ ငါ ရင်ခုန်နေတာလား....သူမင်းကိုတကယ်ချစ်တာမဟုတ်ပါဘူးဆို Film မင်းကလဲ အမှတ်မရှိလိုက်တာ

❤️ Never stop loving ❤️ (Completed)Donde viven las historias. Descúbrelo ahora