Chapter 8

313 17 2
                                    

Film ချိန်းတဲ့ဆိုင်ထဲမရောက်ခင် Jam ဆီက ဖုန်းလာတာမို့

" ကိုကို ကျွန်တော် သီးသန့်ခန်းယူထားတယ်ကိုကို အခန်း *** လာမခေါ်တော့ဘူး ကိုကို့ဘာသာဝင်ခဲ့တော့"

Jamပြောတဲ့အခန်းထဲရောက်တော့

" နေ့တိုင်းတွေ့နေရတာ ကို Jam Rachata တို့များ ပိုတယ်ဟေ့ "

" ကိုကိုကလဲ "

"အဲ့နောက်က ဘူးကြီးကဘာလဲ"

" ကိုကို မျက်လုံးခဏမှိတ် "

Film မကြည်အကြည့်တစ်ချက်လှမ်းချက်လိုက်ပြီး

" လုပ်ပါ ... ကိုကိုကလဲ"

ကိုကိုမျက်လုံးမှိတ်တာနဲ့ Jam ကိုယ်တိုင်လုပ်လာတဲ့ Chocolate Strawberry အလှဆင်ထားတဲ့ mini cake လေးကို ဘူးထဲကနေ စားပွဲခုံပေါ် တင်လိုက်တယ် ပြီးတော့မှ Jamfilm 1month Anniversary ဆိုတဲ့ စာတန်းပါတဲ့တိုင်လေးပါထိုးလိုက်တယ်

" ကိုကိုရပြီ ...."

သီးသန့်ခန်းထဲက ခရမ်းရောင်မိန်ပြပြမီးလေးမို့ Cake ပေါ်ထိုးထားတဲ့စာကိုမမြင်ပဲ Film တအံ့တဩနဲ့

"ဒီနေ့က Jam မွေးနေ့လား ကြိုမပြောဘူး ကြိုပြောရင်...."

" ကိုကို့ကို လိုက်တာ တစ်လပြည့်တဲ့နေ့လေ ကိုကို... ကိုကိုကတော့ ကျွန်တော့်ကိုချစ်သူလို့မသတ်မှတ်သေးပေမယ့် ကျွန်တော်ကလိုက်ကတည်းက ကိုကို့ကို ချစ်သူလို့သတ်မှတ်ထားတာမို့ Happy 1 month Anniversary par ကိုကို " ဆိုပြီး ကတ္တီပါဘူးနက်လေးထဲက ဟန်းချိန်းလေးထုတ်ပြီး ကိုကို့လက်ကိုဝတ်ပေးလိုက်တယ်

ကိုကိုက ဝတ်ပေးလိုက်တဲ့ Hand Chain လေးကိုကြည့်ပြီး Jam ကိုကြည့်ကာ ဝမ်းနည်းတဲ့လေသံနဲ့

" Jam .... ကိုယ်....."

ကိုကို ဘာလို့ ဝမ်းနည်းတဲ့လေသံပြောင်းသွားရတာလဲ ကိုကို Tre ကို သတိရနေတာလား ငါ့အချစ်တွေမလုံလောက်သေးဘူးနဲ့တူတယ်

" ကိုယ့်မှာ .... Jam ကို ပေးစရာ ဘာမှပါမလာဘူး "

" ကိုကို့ဆီက ဘာမှမလိုချင်ပါဘူး ကိုကိုရယ် တစ်ခုပဲ ကျွန်တော့်ကိုနမ်းလေ " ဆိုပြီး ကိုကိုထိုင်တဲ့ ခုံရှည်ဘက်ကိုကူးသွားလိုက်တယ်။ အစကတော့ ကိုကို့ကိုစမလို့ပေါ့  Jam ကို  ကိုကိုကမနမ်းတတ်နမ်းတတ်နဲ့စနမ်းလာတယ် ကိုကို့အနမ်းတွေက Jam အားမရတာနဲ့ ကိုကို့ပါးပြင်လေးကိုလက်တစ်ဖက်ကဖွဖွလေး ကိုကိုင်ပြီး ခါးကိုဖက်ကာ အပေါ်နှုတ်ခမ်းတစ်လှည့် အောင်နှုတ်ခမ်းတစ်လှည့်အောက်ဆီဂျင်ပြတ်မတက်နမ်းနေမိတယ် Jam လက်တို့ကလဲအငြိမ်မနေစွာ ကိုကို့ခါး ကိုကို့ကျောပြင်တို့ကို ပွတ်သပ်နေမိတယ် ခဏကြာတော့ ကိုကိုက လက်သီးဆုပ်လေးနဲ့ Jam ရင်ဘတ်ကို သာသာလေးတွန်းပြီး....

❤️ Never stop loving ❤️ (Completed)Where stories live. Discover now