Chapter 9

309 18 2
                                    

Film ရဲ့မနက်ခင်းတိုင်းက ဟိုးတုန်းကဆို ကိုကို Good Morning ဆိုပြီး ဖုန်းဆက်နှုတ်ခွန်းဆိုတတ်တဲ့ Jam ရဲ့ အချစ်တွေနဲ့ အမြဲပြည့်နေခဲ့တာ ခုမနက်ခင်းတွေမှာ Film အတွက် အရမ်းအထီးကျန်နေတယ် နေ့လည်ဆိုလဲ Jam က ကိုယ့်ကို ထမင်းချိုင့်ဘယ်တော့မှ မထုတ်ခိုင်းဘဲ သူဘွားဆီက သင်ထားတဲ့ တတ်သလောက်မှတ်သလောက် ချက်လာပြီး ကျွန်တော်နဲ့ ကိုကိုညားရင်လေ ကိုကို့ကို ကျွန်တော်က ဘာမှမခိုင်းဘူး ဆိုပြီး ဝံ့ကြွားကြွားလေးနဲ့ ပြောနေသေးတာ Film ရဲ့ နေ့လည်ခင်းတွေကလဲ ခုများတော့  လူက မနေတတ်မထိုင်တတ်သလိုကြီး ဖြစ်လာတယ်။ ညနေဆိုလဲ ကိုကို့ကျွန်တော့်စောင့်ဦး ဆိုပြီး ကိုယ့်အိမ်ငယ်‌လေးထိကားကြုံစီး ကိုယ့်ကို ညနေစာ ချက်ပြုတ်ပေး အတူစားပြီးမှ ကိုကိုရေ Good night ဆိုပြီး သူ့အိမ်သူပြန်သွားတတ်တဲ့ ကိုယ့်ကို လိုလိုသေးသေးမရှိ ဂရုစိုက်တဲ့ Jam ကို ခုများတော့ Film သေလောက်အောင် လွမ်းနေမိတယ်။

Jam တို့ သူငယ်ချင်းနှစ်ယောက်ပြင်သစ်ကိုရောက်တာ တစ်လလောက်တော့ရှိသွားပြီ။ Tong Tong ပြင်သစ်မသွားခင်ကတည်းက Jam နဲ့ Tong Tong အတူတွဲလုပ်ထားတဲ့ project တွေကို သဘောကျတဲ့ ပြင်သစ် Founder နဲ့ လိုအပ်တဲ့ အရင်းအနှီးတွေ အမြတ်ဘယ်လိုခွဲမယ် ကုန်ကြမ်းဘယ်လိုရှာမယ် တိုင်ပင်ဆွေးနွေးတာ အောင်မြင်သွားတယ်။  6 လလောက် ကြာတော့ Jam တို့ နဂိုစဉ်းစားထားတဲ့ Perfume mini company လေးလဲ ဖွင့်ဖြစ်တယ်။ ရှိတာလေးနဲ့ mini perfume လေးတွေ အရင်ထုတ်ရောင်းရတယ်။ ရနံ့ပိုင်းနဲ့ quality ပိုင်းကတော့ သူများတွေနဲ့ယှဉ်ရင် Jam တို့ကသာတာမို့ တော်တော်ရောင်းရတယ်။ ဒီကြားထဲ လူက ကိုကို့ကို တအားသတိရတာပဲ ။ ဘာလုပ်လုပ် ခေါင်းထဲမှာ ကိုကို့ပုံရိပ်တွေချည်းပဲ။

ညညဆိုလဲ ဖုန်းထဲက ကိုကိုနဲ့ တွဲရိုက်ထားတဲ့ Photoလေးတွေကြည့်ပြီး အလွမ်းသယ်ရတာအမော Jam ကိုကိုနဲ့ဝေးရာသာ ထွက်ပြေးလာတာ ကိုကို့ကိုတစ်ရက်တောင်မေ့မရခဲ့ဘူး။ အိမ်ကဘွားကတော့ မင်းရဲ့ P Film လာသွားသေးတယ်တဲ့ ဘာမှပြောမသွားဘူးတဲ့ ကိုကိုတအားရက်စက်တာပဲ လူတစ်ယောက်လုံးထွက်သွားတာကို ဘာမှမပြောဘူးဆိုတော့ ကိုကိုနဲ့ Tre ကပြန်အဆင်ပြေသွားတာလား???ကိုကို ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး.....

❤️ Never stop loving ❤️ (Completed)Where stories live. Discover now