Chapter 2

426 24 2
                                    

မားက ဖျားရုံလောက်လေးပဲ နေမကောင်းတာမို့ Film စိတ်အေးသွားသည်။ မားကိုခေါ်ကာအိမ်ပြန်ရောက်တော့ လူကမနက်ကတည်းက အနားမယူရသေးသမျှ ခုမှ ထိုင်ရတော့သည်။

Ring Ring Ring

" Hello P Film မားကောသက်သာလား"

" အင်း သက်သာတယ် Tre ကောအိမ်ပြန်ရောက်ပြီလား"

" No တစ်ညလုံးကဲမှာ မားနေမကောင်းလို့ဖုန်းလှမ်းဆက်တာ Bye Bye P Film love you"

Film ပြုံးယုံပဲပြုံးနိုင်တော့တယ် ဒီကောင်လေးဖုန်းဆက်မေးဖော်ရသေးတာပဲကျေးဇူးတင်ရမလိုလို...

" Mai အရမ်းလှတာပဲ Tre Mai ရဲ့နဖူးလေးကိုတစ်ချက်အနမ်းပေးရင်းပြောလိုက်တယ်"

"Tre Mileက Treတွက်ဘာလဲ" Mai ကုတင်ပေါ်လှဲနေရာမှထထိုင်ရင်းမေးလိုက်တယ်။

Treက Mai ရဲ့ ပခုံးကိုမှီရင်း "ချစ်သူလေ Mai ရဲ့"

" အဲ့ဒါဆို Mai ကို လက်ထပ်ခွင့်တောင်းမှာလား"

" မရဘူး Treရဲ့မား လုပ်ငန်းတွေက minus ပြနေတာ P Film ကို ဆန့်ကျင့်လို့မရဘူး ကိုယ် မင်းကို လက်ထပ်လို့မရဘူး "

ဖြန်း

Mai စိတ်တိုတိုနဲ့ Treကို ပါးချမိသွားသည်။ Mai ကို P Filmနဲ့ယှဉ်ရင် ဘာလို့ Tre ကအမြဲတမ်းထားသွားရတာလဲ။

"ကိုယ် တောင်းပန်ပါတယ် "

Mai ထထွက်လာခဲ့လိုက်တယ်။ P Filmနဲ့ စေ့စပ်ထားပေမယ့် အိမ်ကသဘောတူထားလို့ပါလေ Tre ကကိုယ့်ကိုချစ်တယ်ပဲအမြဲပြောနေတော့ ယုံစားမိတဲ့ကိုယ်ပဲမှားတာပါ။

"ကိုယ့်ကို ခဏပဲစောင့်ပေးပါ Mai " Tre တိုးတိုးလေးရေရွတ်မိတယ်။

At Kawila Company

Film မနက်ခင်း ကုမ္ပဏီကိုရောက်တာနဲ့ မနေ့ကအစည်းအဝေးမနည်းသိမ်းရတဲ့အစည်းအဝေးကိုပြန်ခေါ်ရတယ်။ Film တို့ကုမ္ပဏီက Perfume ကုမ္ပဏီလေ ရနံ့ပိုင်းမှာ ပြိုင်ဘက်မရှိအောင် Film အောင်မြင်ချင်တာ။ Film ကုမ္ပဏီမှာ ခုရှိနေတဲ့ ဝန်ထမ်းတွေက သစ်လွင်ဆန်းသစ်တဲ့ idea တွေ သုတေသနတွေဘာမှထုတ်ပြနိုင်စွမ်းမရှိကြဘူး။

" မနက်ဖြန်နောက်‌ဆုံးထားပြီး နှစ်သစ်မှာ Perfume New Product ထုတ်ဖို့ အသေးစိတ်အချက်အလက် Fileတွေ ကျွန်တော့်ရုံးခန်းကိုပို့ပေးထားကြပါ တကယ်လို့ ကျွန်တော် အကြိုက့် idea တွေ ပါမလာဘူးဆိုရင် လူကြီးမင်းတို့ကို အလုပ်ခန့်ထားတာပြန်စဉ်းစားပြီး လူအသစ်ခေါ်မှာပါ အားလုံးပဲ New Product မှာ အာရုံစိုက်ကြပါ"

❤️ Never stop loving ❤️ (Completed)Where stories live. Discover now