1◉

928 75 8
                                    

[ This is just a fanfiction. So , don't take it seriously. ]






" ငါးမြွေထိုးလေး "

ကျောင်းအုပ်ကြီး၏ ခပ်တိုးတိုး ညည်းသံကို သူ ကြားပေမဲ့လည်း မကြားချင်ယောင် ဆောင်ထားမိသည်။ စိတ်ရှုပ်မှုတွေဟာ ကျောင်းအုပ်ကြီး၏ မျက်နှာ၌ အထင်းသား။ စားပွဲခုံကို သူ့လက်နဲ့သူ နှစ်ချက်ဆင့်ရိုက်ရင်း နှုတ်မှလည်း ပွစိပွစိဖြင့်။ ခဏနေတော့ သူ့ကို ကြည့်လာကာ မေးသည်။

" အဲ့​ငါးမြွေထိုးလေး ဘာလုပ်ပြန်ပြီလဲ ဆရာပတ်ခ် ? "

" သူ့ဘေးခုံက ကောင်မလေးရဲ့ လက်မောင်းကို ခဲတံနဲ့ ထိုးလိုက်တာပါ ကျောင်းအုပ်ကြီး "

သူ့စကားကို ကြားတော့ စိတ်ပျက်နေတဲ့ မျက်လုံးတွေက ချက်ချင်းကို ပြူးကြောင်သွားလို့။ ထိုင်နေရာမှ ထရပ်လာတာလည်း ချက်ချင်း။

" တစ်ဖက်ကလေးရော အများကြီး ထိခိုက်သွားသေးလား ? "

" အများကြီးတော့ မဟုတ်ပေမဲ့ နည်းနည်လေးလည်း မဟုတ်ပါဘူး "

ဆရာပတ်ခ်၏ စကားကြောင့် ကျောင်းအုပ်ကြီးဖြစ်သည့်သူမှာ တကယ်ကိုပင် သွေးတက်ချင်လာရသည်။ နားထင်ကို လက်နဲ့ ခပ်နာနာလေး ဖိနှိပ်ရင်းနှင့်ပင် ဆရာပတ်ခ်ကိုပဲ တာဝန်ပေးရတော့မည်။ သူကတော့ ငါးမြွေထိုး သားအဖနှင့် မျက်နှာချင်း မဆိုင်ချင်ပေါင်။

" မိဘခေါ်ခိုင်းထားတယ်မလား ? ဟိုဘက် ကလေးရဲ့ အမေက တကယ့်အစွာနဲ့ တွေ့ပြီပဲ။ မင်းကပဲ ကြားထဲကနေ ပြေလည်အောင် ဖြေရှင်းပေးလိုက်ကွာ။ "

" ဟုတ်ကဲ့ "

ကျောင်းအုပ်ကြီးကိုယ်တိုင်က ​တာဝန်ပေးလာတာမို့ မကျေနပ်ပေမဲ့လည်း သူ မငြင်းရဲ။ ထိုဇိုးလေး၏ အတန်းပိုင်ဖြစ်နေတော့လည်း သူက ရှင်းရပေဦးမှာပေါ့။ မျက်နှာထားကို တည်နိုင်သလောက် တည်ကာဖြင့် ကျောင်းအုပ်ကြီး၏ ရုံးခန်းမှ ထွက်လာကာ ဟိုကလေးနှစ်ယောက်နှင့် မိဘဖြစ်သူတို့ ရှိနေမည့် ဆရာများ နားနေခန်းသို့ ဦးတည်ရပြန်သည်။ သည်နေ့မှ အလုပ်စဝင်သည်။ သည်နေ့မှာပဲ ပြဿနာက ရှင်းပေးရပေဦးမည်။ ပတ်ခ်ဂျောင်ဝူးတို့ ကံကောင်းချက်က လက်ဖျားရော၊ ခြေဖျားပါ ခါ၏။

don't whisperWhere stories live. Discover now