11◉

463 51 11
                                    

[ This is just a fanfiction. So , don't take it seriously. ]







ပေါင်ပေါ် တင်ထားတဲ့ လက်နှစ်ဖက်စလုံးက ကျစ်နေအောင် ဆုပ်ထားသည့် အနေအထား၌။ ထိုလက်သီးဆုပ်တွေကို ဖြန့်ချလိုက်ပါက ချွေးတွေ ရွှဲနေတဲ့ လက်ဖဝါးနှစ်ဖက်ကို မြင်ရမှာ အသေအချာ။

" အဲ့တော့ ဝူးဝူးနဲ့ ဒီက ကလေးအဖေက ချစ်သူတွေ ဖြစ်နေတာ တစ်လတောင် မပြည့်သေးဘူး ဆိုပါတော့ "

ရုတ်တရက် ထွက်လာသည့် အသံကြောင့် ဂျယ်ဟျော့ ခန္ဓာကိုယ်က အစောကထက် ပို၍ တောင့်တင်းလာသည်။ သူများတွေ သတိထားမိလိုက်လား၊ သတိမထားမိလိုက်လား မသိပေမဲ့ သူ့ဘေးမှာ ထိုင်နေတဲ့ ကောင်လေးကတော့ သူဘာဖြစ်နေသလဲဆိုတာ ထုတ်ပြောစရာမလိုအောင် သိနေသည်။ ထိုကောင်လေး၏ လက်နွေးနွေးတွေသည် ခုံအောက်ကနေ သူ့လက်သီးဆုပ်တွေအပေါ်ကို ဆုပ်ကိုင်လာတာမို့ ချွေးတွေ ပြန်နေရသည့် ကြားထဲမှ သူ ခပ်ရေးရေး ပြုံးလိုက်မိသည်။

ရင်တုန်ရပြီး ကြောက်မိပေမဲ့ တကယ်ကို အားဖြစ်ရပါသည်။

" ကလေးအဖေက မထင်ရဘူးနော် "

" ဗျာ ? "

" အာ ... ဝူးဝူးထက် အသက်ကြီးတယ်လို့ မထင်ရဘူး ပြောတာပါ "

ဘာပြန်ပြောရမှန်း မသိတာကြောင့် ပြုံးပြရုံကလွဲပြီး မတတ်နိုင်ခဲ့။

" သက်တောင့်သက်သာနေပါ "

သည်တစ်ခါက ဂျောင်ဝူး အဘိုးနဲ့ အဘွားဆီက မဟုတ်။ တစ်ချိန်လုံး ငြိမ်နေခဲ့တဲ့ ဂျောင်ဝူးမေမေက ပြောလာတာမို့ ဂျယ်ဟျော့ မျက်လုံးလေးတွေ လင်းသွား၏။ လှိုက်လှိုက်လှဲလှဲ ပြုံးပြလာတဲ့ သူ့ကို ထိုလူသုံးယောက်စလုံးက ပြုံးတုံ့တုံ့ ကြည့်နေကြတာမို့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေသည့် သူ့အဖြစ်ကလည်း မလွယ်လှ။

မကြာလိုက်။ အနေရကျပ်နေသည့် အခြေအနေကို အသံတစ်သံက ဖြိုခွင်းလိုက်၏။

" ဂျောင်ဝူး ... မေမေနဲ့ စကားခဏ ပြောရအောင် "

သူ့မေမေနောက်သို့ ပါသွားသည့် ဂျောင်ဝူးကို ငေးကြည့်ရင်း ဂျယ်ဟျော့ အတွေးများမိတာတော့အမှန်။ ရင်ပူမိပေမဲ့လည်း အရမ်းကြီးတော့ မဟုတ်။ သည်လို ကိစ္စတွေက တစ်နေ့မဟုတ် တစ်နေ့တော့ ကြုံလာလိမ့်မည်ဆိုတာ ဂျောင်ဝူးနဲ့ တွဲဖို့ ဆုံးဖြတ်လိုက်ကတည်းက တွေးထားပြီးသား။ သူက ငယ်ငယ်ရွယ်ရွယ်လေး မဟုတ်သလို၊ ဂျောင်ဝူးကလည်း ကလေးမှ မဟုတ်တော့တာ။ ဖြစ်နိုင်ချေရှိတာတွေကို သူတို့ တွေးထားပြီးမှ သည်လမ်းကို ရွေးချယ်ခဲ့ကြတာမို့။

don't whisperWhere stories live. Discover now