12◉

431 49 16
                                    

[ This is just a fanfiction. So , don't take it seriously. ]







" ကလေးလေးက ချစ်စရာလေး။ သူ့အဖေနဲ့ တူလို့ ချစ်မွေးပါတာ ဖြစ်မယ် "

စကားတစ်ခွန်းတည်းနှင့် အဖေကိုရော၊ သားကိုပါ ချစ်စရာကောင်းကြောင်း ပြောသွားတာမို့ ပတ်ခ်ဂျောင်ဝူးက ကြားထဲက သဘောတွေ သိပ်ကျနေသည်။ အင်းပေါ့လေ။ အဖေရော၊ သားရောက သူနှင့် သက်ဆိုင်နေပြီ မဟုတ်လား။ ဘဝင်မြင့်ချင်လျှင်လည်း မြင့်သင့်ပါသည်။ ချစ်မွေးလေးနှင့် ချစ်မွေးကြီးကို ပိုင်ဆိုင်ထားရသူဆိုတော့လည်း။

" ဟုတ်တာပေါ့။ သူ့ဒယ်ဒီက ချစ်မွေးကြီးလေ။ ကျွန်တော်ဆို ချစ်မဝဘူး "

ဂျောင်ဝူးက မျက်ခုံးတို့ကို ပင့်ကာ ခပ်စစ ပြောတော့ ရယ်ဒမ်က ပိုရန်ကော ဆိုသည့် ပုံစံဖြင့် မျက်နှာမဲ့ပြသည်။ ဂျယ်ဟျော့ကတော့ သူတို့စကားဝိုင်းထဲ ဝင်မပါ။ ငြိမ်ငြိမ်လေးသာ နားထောင်နေ၏။

" အစ်ကိုဂျယ်ဟျော့က အနေအေးတယ်နော်။ အနေအေးတဲ့ အစ်ကိုက ဘယ်လိုဖြစ်ပြီး ဂျောင်ဝူးနဲ့ ဖူးစာပါသွားတာပါလိမ့် "

" သူစိမ်းတွေ အရှေ့မှာဆိုရင်တော့ ခပ်တည်တည်၊ ခပ်တန်းတန်းနေလို့ အနေအေးတယ် ထင်ရတာ။ ကျွန်တော်တစ်ယောက်တည်း အရှေ့မှာဆို အခုလို မဟုတ်ဘူး။ ကျွန်တော်တစ်ယောက်တည်းအတွက်ပဲ ကျွန်တော့်ဂျယ်ဟျော့က "

ရယ်ဒမ့်မျက်နှာက တော်တော်လေး မဲ့ရှုံ့လာပြီး ဂျောင်ဝူးကို စားပွဲပေါ်က ဖန်ခွက်နှင့် လှမ်းပေါက်ဖို့ ပြင်သည်။ ပလက်စတစ်ခွက်သာဆို ပေါက်ပစ်သည်။ ဖန်ခွက်ကျ ကွဲသွားမှာစိုးလို့။ ပတ်ခ်ဂျောင်ဝူးကတော့ အသားနာပါလိမ့်စေ။ သည်လောက် ကဲသည်းပြီး ပိုပြနေတာ။

" ရယ်ဒမ်က ဆိုးလ်ကို ဘယ်တော့လောက် သွားမှာလဲ ? "

ဘာစကားမှ မပြောတော့လည်း မကောင်းတာကြောင့် ဂျယ်ဟျော့ စကားစ,လိုက်မိသည်။ ဘန်ရယ်ဒမ်ဆိုသည့် ကောင်လေးက သူ့အတွက် သက်တောင့်သက်သာလည်း ရှိပါသည်။ အနေရခက်ရတာမျိုးတွေ မဖြစ်။ ဂျောင်ဝူးလိုပဲ စကားတော့ အတော်လေး များ၏။ အဲ့တစ်ခုပါပဲ။

" နောက်ငါးရက်လောက်နေရင် သွားဖြစ်မယ်ထင်တယ် အစ်ကို။ အစ်ကိုတို့လည်း ပြန်မှာမလား။ ကျွန်တော် ကားကြုံလိုက်လို့ရမလား ဟဲဟဲ "

don't whisperWhere stories live. Discover now