7◉

340 56 11
                                    

[ This is just a fanfiction. So , don't take it seriously. ]






" ဂျောင်ဝူး "

" မမ "

ဆွန်းယောင်းကို အိမ်ပြန်လိုက်ပို့ပြီး လမ်းမှာ ဂျောင်ဝူး မမနဲ့ အမှတ်မထင် တွေ့သည်။ မမနဲ့ သူ့ရဲ့ မထင်မှတ်ထားတဲ့ တွေ့ဆုံမှုတွေကလည်း များလိုက်တာ။ သူ့ကို အရင် တွေ့သွားပြီး ဦးစွာ နှုတ်ဆက်လာတဲ့ မမက ထုံးစံအတိုင်း ဂျောင်ဝူးကို တည်တည်ငြိမ်ငြိမ်လေး ပြုံးပြလာသည်။ ဂျောင်ဝူးက​တော့ ခေါင်းသာ ညိတ်ပြမိသည်။

" အချိန် ခဏလောက် ရနိုင်မလား ဂျောင်ဝူး ? "

လိမ်ညာပြောကာ ငြင်းလိုက်ချင်သော်ငြား ခေါင်းညိတ်ပြဖို့ မျှော်လင့်နေပုံရသည့် မမ၏ အကြည့်တွေ​ကြောင့် ဂျောင်ဝူး သူ့ရဲ့ အားနာစိတ် မျှင်မျှင်လေးတွေကို မလွန်ဆန်နိုင်ခဲ့။

" ဟုတ်ကဲ့ ... ရပါတယ် "

°

" အစ်ကိုယွန်းဂျယ်က သိပ်သနားဖို့ ကောင်းတယ် ဂျောင်ဝူး။ အခုလည်း သူ တအား ပင်ပန်းနေရှာတာ "

ယွန်းဂျယ်ဟျော့အပေါ် အတော်လေး သနားကရုဏာ သက်နေသည့် ဟယ်ရွန်း၏ စကားကို ကြားတော့ ဂျောင်ဝူးက ခပ်ထေ့ထေ့ ပြုံးသည်။ ထိုအပြုံးကို ဟယ်ရွန်း မြင်လိုက်တာမို့ သက်ပြင်းချမိသည်။

" ဟိုတစ်ခါက တွေ့တဲ့ ကောင်မလေးနဲ့ ဂျောင်ဝူးက ... "

" တွဲနေကြပြီ။ မမ သိချင်တာ အဲ့တာကိုလား ? "

" ဂျောင်ဝူး ... "

သူ့အမေးကို ကြိုတင် ရိပ်မိနေတဲ့ ဂျောင်ဝူးက ပြီးအောင် မေးခွင့်မပြုဘဲ ပြတ်ပြတ်သားသား အဖြေ ပေးလာတာမို့ ဟယ်ရွန်းမှာ ဒုတိယမ္ပိ သက်ပြင်းချရပြန်သည်။ မလွယ်လိုက်တာ။ ဂျောင်ဝူးရော၊ အစ်ကို ယွန်းဂျယ်ရော။

" ယွန်းဂျယ်ဟျော့ ပင်ပန်းနေတယ်ဆိုရင်လည်း သူ့အနားမှာ မမ တစ်ယောက်လုံး ရှိနေတာပဲ မဟုတ်ဘူးလား။ မကြာခင် အိမ်ထောင်ဖက် ဖြစ်ကြတော့မှာပဲ။ မမက သူ မပင်ပန်းအောင် ဂရုစိုက်ပေးလိုက်ပေါ့ "

ဂျောင်ဝူးနှုတ်က ထွက်လာတဲ့ စကားမာမာတွေက ပုံမှန်မဟုတ်။ ဘာကို မကျေမနပ် ဖြစ်လို့ ထစ်ငေါ့ချင်နေမှန်း ဟယ်ရွန်း တကယ်ကို မသိ။ ပြီးတော့ ဂျောင်ဝူး ပြောနေတာကိုလည်း သူ(မ) နားမလည်ပါ။

don't whisperTahanan ng mga kuwento. Tumuklas ngayon