2◉

376 59 4
                                    

[ This is just a fanfiction. So , Don't take it seriously. ]





မနက်ပိုင်းတစ်ပိုင်းလုံး ရာသီဥတုက သာယာနေပေမဲ့ ကျောင်းမဆင်းခင် ဆယ်မိနစ်အလိုလောက်မှ စပြီး မိုးက တဖွဲဖွဲကျနေ၏။ တဖွဲဖွဲနှင့်မှ မစဲတော့ဘဲ တဖြိုက်ဖြိုက် ရွာလာသည့် မိုးကြောင့် အပြင်ဘက်ကို ငေးကြည့်နေရင်း မျက်မှောင်ကြုတ်လိုက်မိသည်။

" မနက်ဖြန် တွေ့မယ်နော် ဆရာပတ်ခ် "

" ဟုတ်ကဲ့ပါခင်ဗျ "

အခန်းရှေ့က ဖြတ်ရင်း နှုတ်ဆက်သွားတဲ့ ဆရာမချောချောလေးကိုတောင် ဂျောင်ဝူး သေချာမကြည့်နိုင်။ ကျောင်းက လွှတ်နေပြီ။ မိုးကလည်း မစဲနိုင်သေး။ ယမန်နေ့တွေကလည်း မိုးမရွာသလို၊ ထီးယူရမှာလည်း ပျင်းတာက တစ်ကြောင်းကြောင့် မေမေ့စကားကို နားမထောင်ဘဲ ထီးမယူလာမိတာ ယခုတွင်တော့ ဒုက္ခရောက်ရပြီ။ ထီးဝင်ဝယ်ရအောင်လည်း ကျောင်းအနားပတ်ဝန်းကျင်မှာက ဆိုင်မရှိ။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်နီးပါးလောက် လျှောက်မှ ဆိုင်ကို တွေ့ရမည်ဖြစ်သည်။ ​ပြေးသွားလျှင်တော့ အရှိန်မြန်လျှင် မြန်သလောက် မြန်မြန်ရောက်မည်ဆိုပါတော့။ ထပ်မံ၍ စဥ်းစားကြည့်လိုက်ပါက ကားမှတ်တိုင်သို့ ရောက်ရန် အချိန်သည်လည်း ထိုနည်းတူပင်။

" ဘယ်လိုလုပ်သင့်လဲ ? "

ထီးကိုပဲ ပြေးဝယ်လိုက်ရမလား၊ ကားမှတ်တိုင်ကိုပဲ ပြေးသွားလိုက်ရမလား။ ဘယ်လမ်းကို ရွေးရွေး၊ မိုးရေ စိုမှာက စိုမှာပဲ။ အတွေးနှစ်ခုကြား တွေဝေနေရပြီ။

" မတတ်နိုင်ဘူး "

အချိန်မဆွဲချင်တော့တာကြောင့် အဆင်ပြေဆုံး နည်းလမ်းကိုသာ ရွေးချယ်လိုက်မိတော့သည်။ ကားမှတ်တိုင်ဆီ ပြေးရုံပဲပေါ့။ ထီးတွေက အိမ်မှာ အများကြီး ရှိတာကြောင့် ပိုက်ဆံကို အပိုအကုန်မခံချင်တော့ပါ။ ထို့ပြင် မိုးကလည်း အကြာကြီး မရွာနိုင်လောက်ဘူး မဟုတ်လား။

ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်သွားတော့ အခန်းတံခါးတွေအကုန် သေချာလိုက်စစ်ပြီးနောက် အိတ်ကို သေချာပိတ်ကာ ပြေးဖို့ ပြင်ရတော့သည်။ အိတ်က စိုလို့မဖြစ်။ အရေးကြီးတာတွေ ထည့်ထားတာမို့။

don't whisperWhere stories live. Discover now