Finale◉

498 49 19
                                    

[ This is just a fanfiction. So , don't take it seriously. ]








" ကောင်လေးက ချောချက်ကွယ်။ ဒီလို ကောင်လေးမျိုး သားမက်တော်ရရင် သိပ်ကောင်းမှာပဲအေ "

" ဟုတ်ပတော်။ ဒီလို သားမက်ကလေးနဲ့သာဆို အိမ်က သမီးကို စိတ်ချပြီ "

" ညည်းတို့ချည်း ပြောမနေကြနဲ့။ ဒါ ငါ့သားမက်ဖြစ်တဲ့ ရုပ်လေးပါအေ "

တစ်ယောက်တစ်ပေါက် ပြောလာကြသည့် အန်တီကြီးတွေ၏ စကားတွေကြား ဂျယ်ဟျော့ နှစ်နှစ်ခြိုက်ခြိုက် ပြုံးမိသည်မှာ ပါးပြင်က အရာသေးသေးလေးတွေ ထင်းလာသည်အထိ။ အင်္ကျီဝတ်တာ ပုံမကျလို့ သူ့ကို ကူညီကာ ဝတ်ပေးနေကြသည့် ငါးဆယ်ဝန်းကျင် အန်တီကြီးတွေ၏ စကားတွေဟာ တစ်ယောက်တစ်ပေါက်။ သူတို့ ရောင်းတဲ့ အင်္ကျီတွေလိုပဲ အန်တီကြီးတွေကလည်း ထူးဆန်းသည်ဟု ဂျယ်ဟျော့ ခံစားမိသည်။ သူ့မှာ သဘောကျလို့ ပြုံးမိပေမဲ့ သူ့ဘေးက တစ်စုံတစ်ယောက်ကတော့ ဟန်ဆောင်ပြီးတောင် မနေနိုင်။ မျက်နှာအနေအထားက လငပုပ်ဖမ်းနေပြီ ဖြစ်၏။

" သားမက်လေးလို့ ခေါ်ချင်လိုက်တာနော် "

" နာမည်ဘယ်လိုခေါ်လဲ သားမက်လေး ? "

ဂျယ်ဟျော့ ခပ်ပြုံးပြုံး အနေအထားနှင့်ပင် ခေါင်းလေး ညိတ်ပြရင်း ၊

" ယွန်းဂျယ်ဟျော့ပါဗျ "

" ဟော ... ဒါဆို သားမက်ယွန်းပေါ့ "

တကယ် မနိုင်တဲ့ အန်တီကြီးတွေပါပဲ။ သို့သော်လည်း ဂျယ်ဟျော့ စိတ်ကြဥ်းကြပ်တာမျိုး မခံစားရ။ စိတ်လည်း မဆိုးမိ။ သူ့ဘေးက တစ်ယောက်ကတော့ အဲ့လို မဟုတ်။ ချက်ချင်းပင် ထိုင်နေသည့် အန်တီကြီးတွေ ကြားထဲက ဂျယ်ဟျော့ကို သူ့နောက် ဆွဲသွင်းရင်း ၊

" သူ့မှာ လက်ထပ်ရမဲ့သူ ရှိတယ်ဗျ။ ဘာကို သားမက်ယွန်းလဲ။ အဒေါ်ကြီးတို့နော် ကိုယ့်ဘာသာ အေးဆေး အဝတ်အစား ရောင်းမှာရှိတာ မရောင်းဘူး။ သူများ သတို့သားလောင်းကို ဘာကိစ္စ အတင်းတွေ သားမက်တော်ချင်နေရတာလဲ။ အဲ့တာ ပြစ်မှုမြောက်တယ်ဆိုတာ သိရဲ့လား ?! "

ကာယကံရှင်က ဘာမှမဖြစ်ဘဲ ကြားထဲက လာ၍ ဖြစ်ပျက်ပြနေသည့် အီဆန်သားကြောင့် အန်တီကြီးတွေမှာ ​ခပ်ကြောင်ကြောင် ကြည့်နေမိကြသည်။

don't whisperWhere stories live. Discover now