9◉

373 55 13
                                    

[ This is just a fanfiction. So , don't take it seriously. ]





" အဲ့တာ ရေနွေးပူတွေ ဂျယ်ဟျော့ !! "

" ဟင် ? "

ဂျယ်ဟျော့ သူ့လက်ထဲက ခွက်ကို ပြန်ကြည့်မိသည်။ ဟုတ်သား၊ အငွေ့တွေတောင် မသေသေးတဲ့ ရေနွေးပူတွေပဲ။ သူ အစောက သည်လို ခွက်နဲ့ တစ်ပုံစံတည်း တူတဲ့ ခွက်ထဲမှာ ထည့်ထားခဲ့တဲ့ ရေခဲရေတွေက ဘယ်ရောက်သွားတာပါလိမ့်။

" ရှာမနေနဲ့တော့။ မင်းကိုယ်တိုင် ဘေစင်မှာ သွားသွန်ပစ်လိုက်တာလေ "

ဟိုရှာသည်ရှာ လုပ်နေတဲ့ သူ့ကို အစ်ကိုဂျီဟွန်းက စိတ်ပူနေသည့် လေသံဖြင့် ပြောသည်။ ဆူငေါက်ချင်ပေမဲ့လည်း သူက ကလေး မဟုတ်တော့တာမို့ ဂျီဟွန်းမှာ မဆူနိုင်။ ကလေးသာဆိုလျှင် တင်ပါးလုံးလုံးလေးအား လေး၊ ငါးချက်လောက် နာနာလေး ရိုက်ပစ်မိမည်ထင်။

" ကျွန်တော် သွန်လိုက်တာ ဟုတ်လို့လား ? "

" ဒီမီးဖိုချောင်မှာ မင်းနဲ့ ငါ နှစ်ယောက်တည်း ရှိတာ။ မင်း သွန်တာ မဟုတ်ရင် ငါလား။ ငါက မင်းသောက်ဖို့ ထည့်ထားတဲ့ ရေတွေကို ဘာကိစ္စ တကူးတက သွားသွန်ရမှာလဲ။ မင်းကသာ ငါ ကော်ဖီဖျော်ဖို့ ထည့်ထားတဲ့ ရေနွေးပူတွေကို ဘာမပြောညာမပြောနဲ့ ယူသောက်ဖို့ ပြင်နေတာ။ တော်သေးတာပေါ့။ ငါ အချိန်မီ တားလိုက်နိုင်ပေလို့။ မဟုတ်ရင် လျှာကျက်သွားမှာ "

ပြောလေ စိတ်ပူလေ ဖြစ်နေတဲ့ ဂျီဟွန်းကို ဂျယ်ဟျော့ ရယ်ကျဲကျဲ လုပ်ပြရင်း မျက်နှာချို သွေးလိုက်မိသည်။ အရင်ကလိုဆိုလျှင် အပြုံးချိုချိုလေးကြောင့် ဂျီဟွန်း စိတ်ပြေနိုင်ပေမဲ့ အခုတော့ မတူ။ တစ်ယောက်တည်း ထားရမှာတောင် စိတ်ပူမိ၏။ စိတ်နဲ့ လူနဲ့ မကပ်ချက်က တကယ်ကို လက်ဖျားခါရသည်။

" အီဆန်ကို အခုချက်ချင်း လိုက်ပို့ပေးရမလား ဂျယ်ဟျော့ ? "

" ဘာလို့လဲ အစ်ကိုရဲ့ ? "

ပြူးပြူးပြာပြာဖြင့် အလန့်တကြား မေးလာပုံက အတည် ရိုက်ပစ်ချင်စရာ။ ဂျီဟွန်း ကာ့သော့ကို ယူရင်း၊ တစ်ဖက်ကလည်း ပေကပ် ထိုင်နေသူအား လက်မောင်းကနေ အတင်း ဆွဲမရင်းဖြင့် အလုပ်ရှုပ်နေသည်။ ငြင်းသည့်သူကလည်း အကြောက်အကန် ငြင်း၏။

don't whisperWhere stories live. Discover now