အခန်း ၃

1.9K 99 6
                                    

(Uni code)

KSK Barတွင်ရှိသောVVIP roomတွင်မြတ်မင်းသိက္ခာတစ်ယောက်လူးလွန့်ကာနိုးလာသည်ဘေးဘီဝဲယာဝေ့ဝဲကြည့်လိုက်တော့သူ့ဘေးတွင်အမျိုးသမီးတစ်ဦးကအဝတ်အစားများကင်းမဲ့လျက်အိပ်ပျော်နေလေသည်။

အစကလန့်သွားပေမယ့်နောက်တော့မှ‌အတွေးထဲသို့ညမှအဖြစ်များတစ်ခုချင်းစီပြန်ပေါ်လာလေသည်။ပြီးနောက်မြတ်မင်းသိက္ခာကုတင်ပေါ်မှထရပ်လိုက်ပြီးအဝတ်အစားများအားကောက်ဝတ်လိုက်ပြီးအခန်းဝ၌ရပ်ကာထိုမိန်းကလေးအားတစ်ချက်လှည့်ကြည့်ကာအခန်းတံခါးအားဆောင့်ပိတ်ကာထွက်ခွာ‌သွားလေတော့သည်။

သူထွက်သွားမှထိုမိန်းကလေး၏မျက်နှာပေါ်တွင်ကောက်ကျစ်စဉ်းလဲသောအပြုံးကြီးမှလှပစွာပေါ်လာပီးအိပ်ရာမှထကာတစ်နေရာသို့ဖုန်းဆက်လိုက်လေသည်။

"ဟယ်လို record တွေအကုန်ရတယ်မလား"

"......."

"အိုကေငါ့မျက်နှာကို Blurထားလိုက်"

"......"

*တီ*

"အဟက်မြတ်မင်းသိက္ခာ...မြတ်မင်းသိက္ခာနင်အခုဘာတက်နိုင်သေးလဲဟားးးဟားးးဟားးးး"

••••••••••

လက်ပံရွာထိပ်ရှိစမ်းချောင်းတွင်
အလင်္ကာမောင်တစ်ယောက်တည်းဒူးခေါင်းနှစ်ဖက်အားတုပ်ကာထိုင်နေပြီးကန်ရေပြင်အားငေးမောကြည့်ရှူနေသည်။

ထိုစဉ်သူ့အရှေ့သို့ကျရောက်လာသောလက်ပံပွင့်နီနီများထိုလက်ပံပွင့်များအားလက်နှစ်ဖက်ဖြင့်ကောက်ယူလိုက်တော့လှပစွာသောလက်ပံပွင့်နီနီများကရေစည်လှည်းတွန်းထားရ၍ကြမ်းရှနေသောလက်ဖဝါးများထက်လှပစွာတည်ရှိနေသည်။

ထိုလက်ပံပွင့်များအားယူကာ‌ ချောင်းကမ်းစပ်၌ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးပန်းပွင့်များအားလေပေါ်သို့ပြန့်ကျဲချလိုက်လေတော့လေအဟုန်နှင့်အတူဝေ့ဝဲကာကန်ရေပြင်ပေါ်၌လက်ပံပွင့်များဟာပျော်မြူးစွာကူးခတ်နေကြသည်။

အလင်္ကာမောင်သည်ထိုလက်ပံပွင့်များကို
ကြည့်ကာဆုံးဖြတ်ချက်တစ်ခုအားသေချာစွာချမှတ်လိုက်ပြီးနောက်တွင်ရွာထဲသို့ခြေလှမ်းမြန်မြန်လှမ်းရင်းဝင်ခဲ့တော့သည်။

Happily Ever After (Completed)Where stories live. Discover now