အခန်း ၁၅

779 36 0
                                    

Uni Code

အလင်္ကာခုတင်ပေါ်မှာမူးပြီးအိပ်ပျော်နေတဲ့ကိုကို့ ကိုကြည့်ပြီးသက်ပြင်းချလိုက်မိသည်။ကိုကို့သူငယ်ချင်းတွေပြောတဲ့စကားအသွားအလာအရကိုကိုပြဿနာတစ်ခုခုတက်ခဲ့ပုံရသည်။မျက်နှာမှာလဲဒဏ်ရာဒဏ်ချက်များနှင့်သူ့တောင်ချစ်လွန်းလို့မထိရက်မကိုင်ရက်ဖြစ်နေရတဲ့ဒီလူသားလေးကိုဘယ်လိုလူတွေကများထိုးနှက်လိုက်လေသလဲအလင်္ကာမသိကိုကို့ ကိုထိုသို့ဖြစ်အောင်လုပ်သူတွေကိုအသေသတ်ပစ်ချင်သည်အထိဒေါသထွက်နေတယ်ဆိုတာကိုသာသူသိသည်။

ကိုကို့ဒဏ်ရာတွေကိုဆေးထည့်ပေးပြီးတော့ကိုကို့မျက်နှာကိုလေးကိုကြည့်နေမိသည်။ကိုကို့ရဲ့မျက်နှာဖြူဖြူလေးကသိပ်ကိုလှသည်။အမျိုးသားတစ်ဦးကိုလှသည်ဟုမသုံးသင့်တာသိသော်လဲကိုကိုဟာသူ့အတွက်တော့တကယ့်ကိုအလှပဆုံးပန်းကလေးတစ်ပွင့်ပင်ဖြစ်ပေရော့သည်။ကိုကို့မျက်နှာလေးကိုငေးနေမိသည်မှာအချိန်မည်မျှကြာသွားသည်မသိသိလဲမသိချင်ပေ။ကိုကို့အမူအရာသေးသေးလေးကအစသူကအကုန်အလွတ်ရနေချင်တာမဟုတ်လား

"ခင်ဗျားကဆိုးလိုက်တာကိုကိုရာကျွန်တော့နှလုံးသားလေးကသိပ်ကိုဆိုးလိုက်တာဗျာ"

အလင်္ကာကိုကို့ ကိုကြည့်ပြီးရွှတ်နောက်နောက်ပြောနေသော်လဲအိပ်ပျော်နေသည့်ကိုကိုကတော့ကြားမည်မထင်၊ခဏကြာအောင်ကိုကို့ ကိုကြည့်နေပြီးမှကိုကို့ ကိုခါးလေးကိုဖက်ကာကိုယ်သင်းရနံ့လေးကိုရှူရှိုက်ရင်းအိပ်ပျော်သွားလေတော့သည်။ ဒီနေ့ညလဲအိပ်မက်တွေကလှနေဦးမှာအသေအချာပေ။

•••••••••••••

မြတ်မင်းသိက္ခာအိပ်ယာက‌နိုးလာတော့အလင်္ကာ့ရင်ခွင်ထဲသို့ရောက်နေလေသည်။သူနိုးနေတာကြာပြီဖြစ်သော်လဲဝဲရင်မှတစ်စုံတစ်ခုကဆုန်ပေါက်နေမှူကြောင့်အိပ်ယာထဲမှမထရဲပေ။သူ့ရင်ခုန်သံတွေကကျယ်လွန်းတာကြောင့်အိပ်နေသည့်အလင်္ကာကြားသွားမည်တောင်စိုးရိမ်ရသည်။သူအလင်္ကာ့ကိုကြည့်နေရင်းမှ အလင်္ကာ့မျက်လုံးလေးကရိုးတိုးရွတဖြင့်ပွင့်လာတော့မည်ဟန်

ဒုတ်…ဒုတ်…ဒုတ်…

အလင်္ကာ၏အိပ်ရာနိုးခါစမျက်ဝန်းလေးကသူ့ရင်ခုန်သံတွေကိုပိုတိုးခုန်လာစေသည်။အကြည့်ခြင်းစုံနေမိသည့်စက္ကန့်ပိုင်းမျှလောက်သာရှိသောအချိန်ကလေးသည်သူ့အတွက်ကမ္ဘာကြီးရပ်တန့်သွားသလားဟုအောင့်မေ့ရသည်အထိ

Happily Ever After (Completed)Where stories live. Discover now