အခန်း ၁၁

1.3K 53 13
                                    

(Uni)

ချစ်ရတဲ့လူရဲ့မျက်နှာလေးကိုအိပ်ရာကနိုးနိုးချင်းမြင်တွေ့ရတဲ့အရသာကဘယ်စည်းစိမ်နဲ့မှလဲလို့မရတဲ့ရတနာကြီးတစ်ခုပဲ၊ကိုကို့ရဲ့ရင်အုပ်ကျယ်ကြီးတွေကသူဟာနှင့်သူတောင့်တင်းသန်မာစွာရှိလှသော်လဲသူ့လိုအလုပ်ကြမ်းလုပ်ရသည့်အညာသားနှင့်ယှဥ်လျှင်တော့ကိုကိုကသေးသေးလေးလိုပင်

မနက်ငါးနာရီအိပ်ရာမှနိုးသည့်အချိန်ကတည်းကကိုကို့မျက်နှာလေးကိုတစ်စိမ့်စိမ့်ထိုင်ကြည့်နေသည်မှာယခုကိုကို့မျက်နှာပေါ်မနက်ခင်းနေခြည်နုထွေးထွေးကလေးကျရောက်လာသည်အထိပင်၊
ထိုကုန်လွန်သွားသောအချိန်အတွင်း
ကိုကို့၏မျက်တောင်မွှေးလေးတွေကိုပင်ဘယ်နှစ်ပင်ရှိသည်ရေတွက်ပြီးခဲ့ချေပြီ၊

ကိုကိုကသိပ်ချောသိပ်လှသိပ်လန်းသိပ်မိုက်တဲ့ဘဲကြီးဒီဘဲကြီးကိုစားလိုက်ရသည့်သူ့အဖို့ တစ်ကမ္ဘာလုံးကိုအပိုင်စားရလိုက်သလိုပင်၊
ကိုကို့ရဲ့မျက်ခုံးတန်းလေးများကအလင်္ကာ့အတွက်အသက်ဆိုရင်၊ကိုကို့ရဲ့အဆဲစကားလုံးတွေပဲအမြဲထွက်တဲ့ဒီနှုတ်ခမ်းလေးဟာဆိုရင်သူ၏ချိုမြိန်သောအဆဲတွေကိုဖန်တီးပေးသည့်အလင်္ကာ့ဘဝလေးပင်ဖြစ်ပေရော့သည်။

"အင်းးးး"

ကိုကိုကခုတင်ပေါ်တွင်လူးလွန့်လာပြီးခြုံလွှားပေးထားသောစောင်များကိုကန်ချကာခုတင်ပေါ်နှစ်ပတ်သုံးပတ်လှိမ့်လိုက်ပြီးနောက်ဆူပုတ်ပုတ်မျက်နှာဖြင့်မျက်လုံးမဖွင့်ပဲထထိုင်လိုက်သည်။ရုတ်တရက်ပင်နာကျင်မှုတစ်စုံတစ်ရာကြောင့်ပြန်လှဲကျသွားသည်။ဖြစ်နိုင်တာကတော့ညကအရှိန်တွေကြောင့်ဖြစ်မည်ထင်သည်။ကိုကို့ကိုအလင်္ကာ့ကိုစိတ်ဆိုးမည်ဆိုရင်လဲကိုကိုစိတ်ဆိုးပြေသည်အထိချော့မည်။စိတ်ဆိုးမပြေဘူးဆိုရင်တော့ကိုကို့ကိုနာကျင်အောင်လုပ်ရလိမ့်မည်။

∆∆∆∆∆∆∆∆∆

မြတ်မင်း အောက်ပိုင်းမှတစ်ဆစ်ဆစ်နာလာသောကြောင့်ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ကြည့်လိုက်ရာခုတင်‌ပေါ်၌မေးထောက်ကာဖင်တုံးလုံးဖြင့်စိုက်ကြည့်နေသောတောသားကြောင့်လန့်သွားလေသည်ပါးစပ်မှလဲ…

Happily Ever After (Completed)Där berättelser lever. Upptäck nu