အခန်း ၁၆

740 31 0
                                    

Uni Code

*ကလင်…ကလင်…ကလင်*

"ဟယ်လို…ကိုမြတ်"

'ကိုယ်တို့လမ်းထိပ်ရောက်နေပြီးလမ်းထဲကားဝင်လာလို့မရလို့ရောင်လမ်းထိပ်အထိထွက်လာပေးလို့ရမလား'

"ဟုတ်ကိုမြတ် ရောင်‌ထွက်လာခဲ့မယ်"

'အင်း'

နှင်းရောင်လွင်ဖုန်းချကာအပြင်ထွက်လာလိုက်သည်။အိမ်နှင့်လမ်းထိပ်မှာအတန်ငယ်ဝေးတာကြောင့်အတော်လေးလမ်းလျှောက်ရဦးမှာဖြစ်သည်။ဒီနေ့မှသူမကခရမ်းဖျော့ရောင်ခါးတိုရင်ဖုံးလေးနှင့်ထမိန်လေးကိုဝတ်ထားပြီးကျောလယ်ထိရှည်လျားသောဆံနွယ်တို့ကိုဖြောင့်ထားကာတစ်ဝက်စည်းနှောင်ထားတာကြောင့်သူမ၏အလှမှာလှသည်ထက်မဟာဆန်စွာကျက်သရေရှိနေသည်။

*ဒုန်း*

"အာ့…"

‌ရောင်လမ်းလျှောက်လာနေစဉ်အရှေ့မှာပြေးလာသောကောင်မလေးတစ်ယောက်နှင့်တိုက်မိသွားခြင်းဖြစ်သည်။

"အယ်…အဆင်ပြေရဲ့လာဟင်ပီတိမမြင်လိုက်မိလို့ပါတောင်းပန်ပါတယ်နော်…နာသွားပြီလားမသိဘူး"

"ရပါတယ်…ကိုယ်ဘာမှမဖြစ်ပါဘူး"

"တကယ်ရရဲ့လားဟင် ပီတိအမှားပါပီတိသတိမထားလိုက်မိတာ"

"တကယ်ရပါတယ်ရှင်ကိုယ်ဘာမှမဖြစ်ဘူးဒီမှာကြည့်…အာ့"

ရောင်မတ်တပ်သေချာရပ်လိုက်တော့ယိုင်သွားတဲ့သူမကိုယ်လေးဟာပီတိဟူသည့်ကောင်မလေး၏လက်ထဲဆွဲပွေ့ခြင်းခံလိုက်ရသည်။

"ခြေထောက်ခေါက်သွားတာထင်တယ်လာဒီမှာထိုင်"

ထိုကောင်မလေးကရောင်၏ကိုယ်လေးကိုထိန်းကိုင်ပေးရင်းအနားမှာရှိတဲ့သစ်တုံးကလေးပေါ်ထိုင်‌စေလိုက်ပြီးဒူးတစ်ဖက်ထောက်ကာရောင့်ခြေထောက်ဖြူဖြူကလေးအားအသာအယာနှိပ်နယ်ပေးနေသည်။

"ရပြီထကြည့်ပါဦး"

"အဲ…သက်သာသွားပြီကျေးဇူးတင်ပါတယ်နော် မ ဟိုဟာ…"

"ပီတိချိုပါ"

"ဟုတ်ကဲ့ကျေးဇူးပါမပီတိချို"

Happily Ever After (Completed)Where stories live. Discover now