အခန်း ၇

1.3K 63 6
                                    

Uni Code

အလင်္ကာမောင်၊ မြတ်မင်းသိက္ခာတို့ အိမ်သို့ရောက်တာ ဒီနေ့နှင့်ဆို တစ်ပတ်တင်းတင်းပင် ပြည့်သွားချေပြီ။ ထိုအိမ်သို့ ရောက်ကတည်းက အိပ်လိုက်စားလိုက် ဖြင့်သာအချိန်ကုန်နေရသဖြင့် သူများအိမ်မှာအလကား မနေချင်တာကြောင့် ယနေ့မနက်အတွက် မနက်စာပြုလုပ်ပေးရန် သူမီးဖိုဆောင်ထဲသို့ ရောက်နေသည်။ ယနေ့မနက်စာမီနူးက ထမင်းကြော်ဖြစ်ကာ ပါဝင်ပစ္စည်းများအား‌ ‌သေချာပြုလုပ်နေသည်။

ထမင်းကြော်မည်ဖြစ်ရာ အဓိကလိုအပ်သည့်ထမင်းအား ဇလုံဖြင့်ခပ်များများ ခူးထားသည်။ ပြီးနောက် ဒယ်အိုးအား အပူပေးကာ ဆီထည့်ပြီး ဆီကျက်သည်နှင့်တစ်ပြိုင်နက် သကြားဆီသတ်ကာ သကြားအရည် အနည်းငယ် ပျော်ဝင်သွားသည်နှင့် ပါးပါးလှီးထားသော ကြက်သွန်နီအား ထည့်၍ အဆက်မပြတ်မွှေပြီး အစိမ်းနံ့ ပျောက်သည့်အခါ အဆင်သင့် ခူးထားသော ထမင်းအား ထည့်လိုက်ပြီး နှံ့အောင်မွှေကာ ပဲငံပြာရည်အား ထည့်ကာ ထပ်၍မွှေသည်။ထို့‌နောက် ခရုဆီထပ်ထည့်ကာ မွှေပြီးနောက် ထမင်းကြော်များအား ပန်းကန်ထဲသို့ သပ်ရပ်စွာထည့်ပြီး အပေါ်မှ ပဲပြုတ်လေးများ ပုံလိုက်လေတော့ ထမင်းကြော်မှာ စားရန် အဆင်သင့်ပင် ဖြစ်နေပြီ၊ ကြက်ဥလေးအား ဟက်ဖ်ဘွိုင်လေးကြော်ပီး ပန်းကန်လေးနှင့် သပ်သပ် ထည့်ထားလိုက်သည်။

စားပွဲပေါ်သို့ ထမင်းကြော် ပန်းကန်အားချပြီး ခေါင်းအမော့တွင် တွေ့လိုက်ရတာက မီးဖိုဆောင် အပေါက်ဝ၌ တံခါးအားမှီရပ်ကာ သူ့အား မျက်ခုံးပင့်၍ ကြည့်နေသော မြတ်မင်းသိက္ခာဟူသည့် သိက္ခာမရှိသည့် လူကြီးပင်ဖြစ်သည်။

စားပွဲနားကို ဟန်ပါပါ လမ်းလျှောက်လာပြီး ခုံကိုဆွဲယူကာ ထိုင်လိုက်ပြီးနောက် သူ့အတွက် ချပေးထားသော ထမင်းကြော်ပန်းကန်ထဲမှ ထမင်းကြော်အား တစ်ဇွန်းခပ်စားလိုက်ပြီး အရသာတွေ့သွားသည်ထင်၊တစ်လုပ်ပြီးတစ်လုပ် ဆက်တိုက်ခပ်စားနေသည်က အငတ်ဘေးက အခုမှလွတ်လာသည့် ကလေးငယ်လိုပင် ဖြစ်နေတော့သည်။

သူ့ပန်းကန်ထဲက ထမင်းကြော် ကုန်ခါနီးမှ အနားတွင် အလင်္ကာမောင် ရှိနေမှန်းသတိရကာ...

Happily Ever After (Completed)Where stories live. Discover now