အခန်း ၁၂

982 42 1
                                    

(Uni Code)

"အင့်"

"ကိုကိုနိုးပြီလား"

"ဟင်"

မြတ်မင်းသတိရလာတော့သူ့ကိုငုံ့မိုးကာကြည့်နေသောအလင်္ကာ့အားတွေ့လိုက်ရသည်။

"ကိုကိုမေ့လဲသွားတော့ကျွန်တော်စိတ်ပူသွားတာ"

*မင်းကြောင့်မေ့လဲတာလေသေနာလေးရဲ့*

"ကိုကို"

*အခုမှကိုကိုလာလုပ်နေလိုက်လီးပဲရမယ်သားလေး*

"ကိုကိုကျွန်တော့်ကိုအဲ့လိုကြီးပဲကြည့်မနေပါနဲ့တစ်ခုခုပြောပါဦး"

*လော်ကိုပြောရမှာလား*

"ကိုကို့"

"ဘာလဲကွာ"

Puppy eyes လေးတွေနဲ့ကိုကိုလို့ခေါ်နေသည့်အလင်္ကာကြောင့်မြတ်မင်းမှာမထူးချင်နှင့်ထူးလိုက်ရလေသည်။

"ကိုကိုကျွန်တော့်ကိုစိတ်ဆိုးလားဟင်"

"အင်း"

"………"

မြတ်မင်းစိတ်ဆိုးသည့်ပုံဖြင့်အင်းတစ်လုံးထဲပြောလိုက်တော့ခေါင်းလေးငုံ့ကာကိုယ်လုံးလေးကလှုပ်နေသည်။

"ဟေ့ကောင်မင်းငိုနေတာလား"

"………"

"ဟေ့"

"ကိုကိုကျွန်တော့်ကိုစိတ်မဆိုပါနဲ့နော်
အင့်…အီးဟီး"

"ဟာဟေ့ကောင်မငိုနဲ့လေ"

"ကိုကိုကျွန်တော့်ကိုစိတ်မဆိုးပါနဲ့အူးးဝါးးး"

"ဟေ့ကောင်မငိုနဲ့လေပြောလေဆိုးလေပါလား"

"ဗြဲ"

"တိတ်တော့ကွာငါစိတ်မဆိုးဘူးစိတ်မဆိုးတော့ဘူးလို့"

အလင်္ကာ့၏အာပြဲကြီးနှင့်ငိုသံအားဆက်မကြားချင်တော့သဖြင့်ပြောလိုက်ရာမျက်လုံးလေးပေကလပ်ပေကလပ်လုက်ကမြတ်မင်းအားကြည့်လာသည်။ပြီးနောက်

"ကိုကိုတကယ်ပြောတာလား"

"အေး"

"ဒါဆိုပြီးရောကိုကိုစားဖို့ထမင်းကြော်ပေးမယ်"

"အေးအေး"

"………"

မြတ်မင်းအတွက်ထမင်းကြော်ပေးမည်ဟုပြောကာအခန်းထဲမှပြေးထွက်သွားသောကောင်လေး၏ကျောပြင်အားကြည့်ကာမြတ်မင်းသက်ပြင်းတွေသာချနေမိတော့သည်။စိတ်ထဲမှလဲ*ဒီကောင့်ကိုငါဘယ်လိုလုပ်ရပါ့*ဟူသောအတွေးများသာပြည့်နှက်နေပေတော့သည်။

Happily Ever After (Completed)Wo Geschichten leben. Entdecke jetzt