မိတ်ဆက်

1.5K 84 1
                                    


ဟိုးရှေးရှေးတုန်းက..ရိုးသားဖြူစင်သော.. သစ်ခုတ်သမားလေး တစ်ယောက်ရှိလေတဲ့...သူကမကောင်းတာဟူသမျှ.. မလုပ်ပဲအရာရာတိုင်းကို...အဖြူစင်ဆုံး..အရိုးသားပဲ.. လုပ်ဆောင်ခဲ့ပါတယ်..

ရယ်စရာကောင်းတာက.. သူကရိုးသားတာတွေ လုပ်တာတောင်.ကောင်းကင်ကြီးက.. မျက်နာသာမပေးခဲ့ပေ..

တစ်နေ့သူတောင်ပေါ်သို့.. သစ်ခုတ်ရန်အသွားမှာ.. ရောင်စဉ် ၉ မျိုးရှိတဲ့မြွေတစ်ကောင်ကိုက်တာ.. ခံရပြီသေဆုံးသွားလေရဲ့..

ထူးထူးခြားခြား.. သူ့ဝိညာဉ်က နောက်ဘဝမကူးပဲ.. တခြားလောကကို.. ပြန်ဝင်စားခဲ့ပါတယ်..

ကံဆိုးချင်တော့သူဝင်စားတဲ့သူကလည်း.. ကြောက်စရာအလွန်ကောင်းသော.. အဆိပ်မိပြီးအသက်ငင်နေတာပါ..

သူလည်းဝင်စားရော.. အဲကောင်လည်းသေပြန်ပါတယ်.. သစ်ခုတ်သမား ဝိညာဉ်က အခုမှရောက်ခုပဲ.. သေပြန်တော့..

နောက်တစ်ကိုယ်သို့ ထပ်ပြောင်းရသည်.. ဤတစ်ကြိမ်တော့သူက.. တီကောင်ဘဝပြောင်းသွားခဲ့တယ်..

ကံဆိုးပြန်သည်။ ရောက်ရောက်ခြင်းပဲ.. ကြက်တစ်ကောင်၏ အစာဖြစ်သွားကာ အသက်ရှုချိန်တောင် မရပဲထပ်သေပြန်တယ်..

နောက်တစ်ဘဝထပ်ပြောင်းပြန်တယ်.. အိမ်က ယောက်ျား အတင်းပေးစားတဲ့ မိန်းကလေးကိုယ်ထဲ ရောက်သွားတယ်..

ကံဆိုးချင်တော့သူမက ကိုယ့်ကိုကိုယ်ကြိုးကွင်းစွပ် သတ်သေနေတာဖြစ်ပါတယ်..

သစ်ခုတ်သမား တစ်ယောက် ထပ်သေသွားပြန်...

အဲဒီနောက်တော့.. ဖန်တရာ ထပ်ကာ.. ဆက်တိုက်ကို သေခဲ့တော့သည်..

နောက်ဆုံး၌ သေမင်းတောင် အဲဒီကောင်လေးရဲ့.. ဝိဉာဉ်ကိုမခေါ်ချင်တော့ပဲ..

သူ့၏မူလကိုယ်ထဲကို ပစ်ထည့်လိုက်ပါတယ်.. ကံဆိုးချင်တော့ မူလကိုယ်ကလည်း.. မြွေဆိပ်တက်တာကြောင့် ထပ်မံသေဆုံးသွားပြန်တော့၏..

သေမင်း။
"...."

သစ်ခုတ်သမားလေး။
"....."

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now