အပိုင်း ၉

255 25 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၉)
   
    ချန်ပေ သူမကိုအဝတ်စားဆင်ယင် ပေးပြီးမှသက်ပြင်းချနိုင်တယ် သူမကတော့ အသောကိုပျော်ရွှင်သွားပုံ ရပါတယ်။
   
    "ကျင်.ကျ.. ကျင်.ကျ.  ဝူး..ဝူး..!!!"
   
    သူ့ကိုပတ်ပြေးနေပါတယ် ဒါပေမယ့် သူမ ဟန်ချက်ထိန်းရတာ သိပ်ပြီး အသားမကျသေးဘူး ထင်တယ် တစ်ခါတစ်ခါ ချော်လဲတော့မ လိုလို တောင်ဖြစ်သေးတယ်။
   
    ".ဟားဟား သိပါပြီကွာ.. မင်း ပျော်နေတယ် ဆိုတာ.. ကောင်းပြီ ဒီနေ့ကစပြီး မင်း ကို ကျင်ကျ လို့ခေါ်မယ် ဒီနေ့ကစပြီး မင်း က ငါ့တပည့်ပဲ.. ငါနာမည်မှတ်ထား ငါ့နာမည်က ချန်ပေ တဲ့မင်းရဲ့ဆရာပဲ ဟားဟားး."
   
    လို့သူမကို မိတ်ဆက် ပြောဆိုလိုက်တယ် ချန်ပေ လို့မိတ်ဆက်ပေးလိုက်တော့ သူမ ကခေတ္တငြိမ်သွားတယ် ပြီးတော့မှ သူကို ပြေးဖက်ပြီး ပါးစပ် မှလည်း သူရဲ့နာမည်ကို ဆက်တိုက်ကို ပြောနေတော့သည်။
   
    "..ချန်ပေ.. ချန်ပေ... ချန်ပေ.. ဝူးး..ဝူးး.. ချန်ပေ.. !"
   
    သူမ ကတော့သောက်ရမ်းကို ပျော်သလောက် ချန်ပေ ကတော့ အနှိပ်စက်ခံ နေရသလို ပါပဲအောက်ခံမပါတဲ့ ရင်သား နဲ့အတင်းဖက်ခံလိုက်ရတဲ့ ခံစားချက်က သောက်ရမ်း ကိုမှ ကောင်းမွန်လွန်းပါတယ်။
   
    သူရဲ့ရင်ဘက်ကနေ သူမရဲ့ နို့သီးလေးတွေကိုတောင်မှ အတိုင်းသားကို ခံစားမိနိုင်သည်။
   
    အဲဒီမှာ ပေါက်ကွဲလုနီးနီးဖြစ်တဲ့မီးတောင်က ခိုက်ခိုက်တုန်ခါလာတော့တာပဲ ယင်းနေရာ ထဲကနေမှ အတင်းကိုရုန်းထွက်ချင်လာပြီး အမောက်ထောင်ချက် ကတော့ ပစ်လွတ်တော့မယ် ဒုံးကျည်အလားပဲ။
   
    ချန်ပေ အာချောင်တွေ ခြောက်သွေ့လာကုန်ပြီး ရေသောက်ရမ်းဆာနေမိတယ် အဲဒါကြောင့်သူမကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး စမ်းချောင်းဆီအပြေးသွားကာ ရေကိုမရပ်မနားပဲ သောက်လိုက်မိတော့တယ်။
   
    ဒါပေမယ့် ရေငတ်မပြေဘူး  သူရဲ့ကိုယ်ကဘာတွေ ဖြစ်နေတာလဲ ဆိုတာနားကိုမလည် မသိတော့ဘူး သူအသက်ရှင် လာတဲ့ ဘဝတစ်လျှောက်ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးပါဘူး။(မှတ်ချက် ချန်ပေ က ဘဝ ၁၀၀၀၀ တိတိ FA လေးတစ်ယောက်ပါ)
   
    တကယ်ကို ကယ်သူမဲ့လာပြီ ထိုစဉ် ကျင်ကျ ကသူဆီလာနေတယ် သူမ ကထူးဆန်းနေတဲ့ သူရဲ့ပုံစံကြောင့်စိတ်ထဲဝမ်းနည်းနေသလို ဖြစ်ပုံရပါတယ် မျက်ဝန်းအိမ် ထဲမှာ မျက်ရည်စတင်ပြီးတွဲခိုနေပြီ။
   
    ".ငါ..ငါ.. ဘာမှမဖြစ်ပါဘူး.. ဒီတိုင်းရေငတ်ရုံပါ.. "ဟု
   
    သူကလိမ်ပြောလိုက်ရပါတယ် အဆင်ပြေကြောင်းကို ပြုံးပြလိုက်တယ် ထိုအခါမှညိုးကျနေတဲ့ သူမမျက်နာဝင်းပ လာတယ်။ချက်ချငိးပြေးဖက်ပြန်တယ် ဒီတစ်ခါတော့ သူအဖက်မခံတော့ဘူး။
   
    ဘေးကို အသာရှောင်လိုက်တယ် ချန်ပေ ရှောင်တိမ်းလိုက်တော့ သူမ ကချက်ချင်းကိုထငိုတော့သည်။
   
    "ဝူ..ဝူးး.. ချန်ပေ.. ချန်ပေ.. ဝူ..ဝူ.."
   
    ငိုလိုက်တာမှ ဝမ်းသနည်းတကြီးပဲ မသိရင် မိသားစု တွေသေသွားတာ ကျနေတာပဲ မျက်ဝန်းတောင် နီအစ်လာချင်နေပြီ ချန်ပေ အံကျိတ်မိသည် အဲလိုကျတော့ မနေနိုင်ဘူး နလုံးသားနုတာပဲလား သူမသိဘူး သူမ ကိုသာ ညင်သာစွာ သွားဖက် ပေးလိုက်တော့တယ်။
   
    သွေးတေက မဟားတရား ဆူနေပေမယ့် အံကိုကျိတ်ပြီး လျာကို ကိုက်ထားရသည် သွေးတေတောင်မှ ထွက်လာတယ် ဒါပေမယ့် မထွေးထုတ်ပါဘူးမြိုချတယ်။သူမက သူကိုစိတ်ထဲရင်ထဲမှာ နှစ်နှစ်ကာကာ ကို သံယောဇဉ်တွယ်နေမှန်း သိလိုက်ပါပြီ။
   
    ချန်ပေ မသိခဲ့တာကသူမက ဤ ကျောင်းတော် ကြီးရဲ့အထူးတားမြစ်ခြင်း ချိတ်ပိတ်ခြင်းတို့ကို ခံထားရသော ဒဏ္ဍာရီလာ တော်ဝင်သားရဲ ခုနှစ်ကောင် ထဲတစ်ကောင်ဖြစ်နေခဲ့လေသည်။
   
    သူမ ချိတ်ပိတ်ခံရတာ နှစ်ပေါင်း ၂ သောင်း ပင်ကြာမြင့်သွားခဲ့ပါပြီ ဤ လောက်ထိကြာမြင့်သော အချိန်ကာလ တွေကို သူမတစ်ယောက်တည်း သာ ကျော်ဖြတ်ရပါတယ်။
   
    လူဟူ၍ ဘယ်သူ တစ်ဦးတစ်ယောက် ကိုမှသူမ မတွေ့နိုင်ခဲ့ပါဘူး အဲဒီလိုမျိုး အလွန်တရာကို ရှည်လျားသောနှစ်တွေကို တစ်ကိုယ်တည်းပဲ အထီးကျန်စွာ ဖြတ်သန်းလာရတဲ့ သူမ အတွက် အချို့အသေးဖွဲ့ ဆိုတဲ့ ကိစ္စ လုပ်ရပ်တွေက သူမအတွက် အလွန်အရေးကြီးလေသည်။
   
    ဥပမာ သူမကို အဝတ်စားဆင်ယင်ပေးတာတွေ စကားပြောပေးတာတွေ မိတ်ဆက် ပေးတာတွေ ကသူမရဲ့အထီးကျန်နေတဲ့ ဘဝကို အလင်းရောင်ရရှိစေပါတယ်။
   
    အဲဒါကြောင့် သူမ ပြေးဖက်တာကို ရှောင်လိုက်တဲ့ လုပ်ရပ် ကသူမကိုအရမ်းဝမ်းနည်းစေပြီး ငိုမိစေခြင်းပဲဖြစ်လေသည်။
   
    ချန်ပေ သူမကိုကလေးငယ် တစ်ယောက်လို ချောမော့လိုက်ရပါတယ် ကိုယ်ကို တိုင်တောင် ရုပ်တရက် ကလေး ထိန်းတစ်ယောက်လိုမျိုး ခံစားမိလိုက်လေတော့သည်။
   
    ထိုအခါမှ သူမ မျက်နာ ပြန်ဝင်းပလာပြီ ပြန်ပျော်ရွှင် လာတော့တယ်။
   
    "..ချန်ပေ.. ချန်ပေ.. ဝူး..ဝူး..ချန်ပေ.."
   
    သူရဲ့ နာမည်ကို တတွတ်တွတ် ရေရွတ်ပြီးပျော်ရွှင်စွာ ပြေးလိုက်ပြန်တဲ့သူမကို ကြည့်ပြီး သူရဲ့အေးစက်နေတဲ့ နလုံးသားက ပြန်ပြီးတော့ အသက်ဝင်နိုးထလာခဲ့ပါတယ်။
   
    "ဒင်။
    ဂုဏ်ယူပါတယ် သင်သည် အသန်မာဆုံး ပြန်ဝင်စားခြင်း စနစ် နှင့် အောင်မြင်စွာ ပေါင်းစည်းလိုက်နိုင်ပါသည်။
   
    ဒီအတွက် စနစ် မှသင့်ကိုဆုအ ချီးမြင့် လိုက်သည်။
   
    ဂုဏ်ရောင်ရှိန် ဆရာ ကြီး နတ်မျက်လုံး အားချီးမြင့်လိုက်သည်။
    ဂုဏ်ယူပါသည် သင်သည် ဆရာကြီး နတ်မျက်လုံး အားရရှိသွားပါသည်။
   
    ဆရာကြီး နတ်မျက်လုံး မည်သည့် သတ္တဝါ၏ အားနည်းချက် အားသာချက် ကိုမဆိုထိုးဖောက် မြင်နိုင်ခြင်း။
    တစ်နေ့လျင် သုံးကြိမ်အသုံးပြုနိုင်သည်။
    ....
   
    အမည် = ချန်ပေ။
    အသက် = ????။
    စကေး = ဆရာကြီး နတ်မျက်လုံး(တစ်နေ့လျင် သုံးကြိမ်အသုံးပြုနိုင်)
    တပည့် = ၀ ။
    ချီစွမ်းအား = ၀ ။
    အထူးစွမ်းရည် = ဘယ်တော့မှ မသေနိုင်ခြင်း ၊ အင်မော်တယ် ခန္ဓာ ၊ အင်မော်တယ် ဝိညာဉ် ၊ (သေမင်းကင်းလွတ်ခြင်း တံဆိပ်ရရှိသူ)
   
    မှတ်ချက် = ကြိုးစားထားပါ ခွေးမသားလေး မင်းအသက်နိုင်ဆုံး မသေစေနဲ့ ထက်သေရင်ဒီ ယမမင်း တောင်မှ မင်းကို ပါးပါး လို့ခေါ်တော့မယ် ကွ aယိုးကောင်ရ။"

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now