၁၃၁ - ၁၃၅

105 8 0
                                    


S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အခန္​း(၁၃၁)
    တစ်ကွက်တည်းနဲ့ ချန်ပေ အနိုင်ရသွားပြီ။
   
    "ဆရာချန်ပေ ရေသတိတာ ထားပေတော့ အသက်ဝင်လာစမ်း မိုးကြိုးနဂါးအစီရင်။"
   
    ခန်တူ၊ကသူရေးဆွဲပြီးတဲ့အစီရင်စာရွက်ကိုအသက်သွင်းကာ၊ချန်ပေ၊ဆီပစ်ထည့်လိုက်သည်၊ချီစွမ်းအားကအစီရင်စာရွက်ထဲကိုဝင်ရောက်ပြီးနောက်၊အစီရင်စာရွက်မျက်နာပြင်ထက်ကထူးဆန်းသောစာလုံးတင်္ကေတတွေကပေါ်လာပါတယ်။
   
    ထိုပေါ်လာတဲ့တင်္ကေတတွေကထူးဆန်းတဲ့အော်ရာတို့ကိုထုတ်လွတ်နေသည်၊လျှက်တပြက်အတွင်းပဲ၊အစီရင်စာရွက်ကလျင်မြန်စွာပျံသန်းလာပြီးယင်းထဲကနေကြောက်စရာကောင်းတဲ့နဂါးပုံရိပ်တစ်ခုက၊ဗြုန်းစားကြီး၊ထွက်ပေါ်လာကာ၊ချန်ပေ၊ကိုအရှင်လတ်လတ်ဝါးမြိုတော့မယ့်အလားမာန်ဖီလျှက်သူဆီကိုတရကြမ်းဝင်လာပါတော့တယ်။
   
    သို့တိုင်အောင်၊ချန်ပေ၊သူကမလှုပ်ရှားသေးပါဘူး၊သူကကြီးမားသောနဂါးပုံရိပ်ကိုမျက်နာခြင်းဆိုင်နေပေမယ့်သူရဲ့အမူရာတို့ကတော့ယခင်တုန်းကအတိုင်းတည်ငြိမ်ဆဲဖြစ်ပါတယ်။
   
    "ကြည့်အုံးဟ ဆရာခန်တူ က အစီရင်နဲ့စပြီးတော့ တိုက်ခိုက်နေပြီ အခုထိ ဆရာချန်ပေ ကမလှုပ်ရှားသေးဘူး အဲဒီ နဂါးပုံရိပ်ကြီးက အရမ်းကြောက်စရာကောင်းတာပဲ။"
   
    ကျောင်းသားတစ်ယောက်ကစိတ်လှုပ်ရှားစွာပြောဆိုလိုက်သည်၊ပြိုင်ပွဲကြည့်သူတိုင်းကလည်းအသောကိုစိတ်လှုပ်ရှားနေကြပါတယ်။
   
    သူတို့တွေကနဂါးပုံရိပ်ကြီးကို၊ချန်ပေ၊ကဘယ်လိုမျိုးတုန့်ပြန်ချေဖျက်လာမလည်းဆိုတာအရမ်းသိချင်နေသည်၊ထိုနောက်၌၊လူတိုင်းကလုံးဝကိုမထင်မှတ်ထားတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်။
   
    ယင်းအဖြစ်ပျက်ကြောင့်ပွဲကြည့်ပရိတ်သတ်တင်မက၊ချန်ပေ၊နှင့်ယှဉ်ပြိုင်နေသော၊ခန်တူ၊နဲ့၊မန်ကု၊တို့တောင်ပါးစပ်ဟောင်းလောင်းဖြစ်သွားရပါတယ်။
   
    ချန်ပေ၊ကသူဆီကိုကြောက်ဖို့ကောင်းသောအော်ရာတို့ကိုဆက်တိုက်ထုတ်လွတ်လျှက်ဝင်လာသောနဂါးပုံရိပ်အစီရင်စာရွက်ကို၊ဖျတ်ခနဲ့၊ဘာဆိုဘာမှမဟုတ်တဲ့အလားသာမန်ဆန်စွာဖမ်းယူခဲ့လေသည်။
   
    "အင်း ကျေးဇူးပဲနော် ဆရာခန်တူ ငါမှာအစီရင်စာရွက် မရှိတာနဲ့အသောပဲ။"
   
    ချန်ပေ၊ကပြုံးပြလျှက်ဖြင့်ပြောဆိုလိုက်သောသူ့၏စကားကိုကြားလိုက်ရတော့..
   
    ခန်တူ။
    "...."
   
    မန်ကု။
    "...."
   
    ပွဲကြည့်ပရိတ်သတ်။
    "...."
   
    ဆရာများ။
    "...."
   
    အားလုံးကခေတ္တလောက်သတိလက်လွတ်ဆွံ့အသွားကုန်သည်၊သိထားရမှာက၊ခန်တူ၊ရေးဆွဲပြီးအသုံးပြုလိုက်တဲ့အစီရင်စာရွက်က၊နဂါးဟိန်းသံတိုက်ခိုက်ခြင်းအမျိုးစား၊ဖြစ်ပါတယ်၊တိုက်ခိုက်ခြင်းအမျိုးစားအစီရင်စာရွက်တွေကိုဘယ်သူကမှလက်ဗလာဖြင့်မဖမ်းနိုင်ပါဘူး။
   
    အဲဒါထက်အစီရင်စာရွက်၊ဆိုတာအသက်သွင်းပြီးရင်ဘယ်တော့မှပြန်ယူဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး၊ဘာနဲ့အလားတူလဲဆိုရင်တစ်ခါသုံးပစ္စည်းတွေနဲ့အလားတူလေသည်။
   
    အခုတော့၊ချန်ပေ၊ကအသက်သွင်းပြီးသားအစီရင်စာရွက်ကိုအေးအေးဆေးဆေးပဲဖမ်းယူလိုက်တာမလားအဲဒါတင်မကသူကအဲစာရွက်ကိုသုံးပြီးအစီရင်အသစ်ပါရေးဆွဲတော့မှာဖြစ်ပါတယ်။
   
    အဲလိုမျိုးအဖြစ်ပျက်ကတစ်ခါမှမဖြစ်ဖူးသေးပါဘူး၊ဤပြိုင်ပွဲကိုကြည့်နေကြတဲ့သူတိုင်းကလည်းထိုလောက်ထိထုးဆန်းတဲ့အဖြစ်ပျက်ကိုသူတို့ဘဝတစ်လျှောက်တစ်ခါမှမကြုံဖူးသေးပါပေ။
   
    ခေတ္တအကြာမှ၊ခန်တူ၊တို့သတိဝင်လာပါတယ်၊သူတို့နှစ်ယောက်တောင်မှရှေ့ဘာဆက်လုပ်ရမှနန်းမသိကြောင်တောင်တောင်ဖြစ်သွားသည်။
   
    ထိုစဉ်။
    သတိဝင်လာတဲ့ကျောင်းသားတစ်ယောက်။
   
    "WTF...ပဲဟေ့.. ငါမျက်လုံးက BLVE ကားကြည့်တာများပြီး လျှောက်မြင်နေရတာလား ဟေ့ကောင်ရေ ဆရာချန်ပေ ကတကယ်ပဲ အသက်သွင်းပြီးသား အစီရင်စာရွက် ကို ဖမ်းယူလိုက်တာလားဟ။"
   
    ကျောင်းသားတစ်ယောက်ကသူမြင်လိုက်ရတဲ့မယုံကြည်ချင်စရာမြင်ကွင်းကြောင့်၊သွေးလေချောက်ချားစွာအော်ဟစ်လိုက်ပါတယ်၊သူကသူရဲ့အမြင်အာရုံကိုတောင်မယုံကြည်ချင်တော့ပေ။
   
    "ချီးမှပဲ ဟေ့ကောင်! လျှောက်အော်မနေနဲ့ဟ ငါလဲအတူတူ မြင်ရတယ်ကွ ပြန်ထိုင်စမ်း မင်းလုပ်တာနဲ့သူများတွေ ငါတို့ကိုထူးဆန်းသလို ကြည့်တော့မယ်ကွ။"
   
    သူဘေးနားကသူငယ်ချင်းဖြစ်သူကထိုကျောင်းသားကိုချက်ချင်းပဲဆွဲထိုင်စေလိုက်တော့သည်၊အမှန်တိုင်းပြောရရင်သူတို့နှစ်ယောက်ကိုဘယ်သူကမှအာရုံမစိုက်မိကြပါဘူး။
   
    အားလုံးရဲ့အာရုံကစင်မြင့်ပေါ်ကတည်ကြည်ခန့်စွာရပ်နေတဲ့၊ချန်ပေ၊ဆီမှာသာရှိနေပါတယ်၊ချန်ပေ၊ကအစီရင်စာရွက်ကိုဖမ်းယူပြီးနောက်သူကလျှပ်စီးအလျင်ဖြင့်အစီရင်တင်္ကေတတစ်ခုကိုရေးဆွဲလိုက်သည်။
   
    "ရော့ မင်းစာရွက် ကိုပြန်ယူလိုက်တော့။"
   
    တစ်ဆက်တည်းပဲသူကရေးဆွဲပြီးတာနဲ့၊ခန်တူ၊ဆီကိုအစီရင်စာရွက်အားပြန်ပေးလိုက်တော့သည်၊"ဂူးရား။"ရုတ်ချည်းနဂါးဟိန်းသံပမာနက်ရှိုင်းလှသောဟိန်းမြည်သံကားထွက်ပေါ်လာကာအားလုံး၏ပြူးကျယ်နေသောအကြည့်ကြားမှာပဲ။
   
    ချန်ပေ၊ပစ်လွတ်လိုက်တဲ့အစီရင်စာရွက်ကထဲကနေနဂါးတစ်ကောင်၏ပုံရိပ်ကပေါ်လာခဲ့တော့တယ်၊ယင်းနဂါးပုံရိပ်က၊ခန်တူ၊ပစ်လွတ်စဉ်တုန်းကပေါ်လာတဲ့နဂါးပုံရိပ်ထက်အဆတရာပိုကြောက်စရာကောင်းလေသည်။
   
    "သွားပြီး!!။"
   
    ခန်တူ၊နဲ့၊မန်ကု၊ကအဲဒီစကားကိုသာပြိုင်တူပြောဆိုမိသွားပါတယ်၊ပြီးနောက်သူတို့အမြင်အာရုံကမှောင်မဲသွားပါတယ်၊နက်ရှိုင်းစွာဟိန်းမြည်နဲ့နဂါးပုံရိပ်က၊ခန်တူ၊တို့နှစ်ယောက်ကိုညှာတာမှုမရှိဝင်ကြုံးလိုက်ရာ၊ဝုန်းခနဲ့၊ကျယ်လောင်သောပေါက်ကွဲသံထွက်လာခဲ့ပြီး။
   
    ပွဲကြည့်သူတိုင်းကားအသားတွေပါစပ်ဖျန်းဖျန်းလေးခံစားလိုက်ရသည်၊စင်မြင့်နဲ့အနီးကပ်ရှိတဲ့သုအချို့ဆံပင်တွေပါနောက်လန်သွားခဲ့ပါတယ်၊ထိုအစီရင်စာရွက်ကမိုးကြိုးအမျိုးစားတိုက်ခိုက်ရေးအစီရင်ဖြစ်ပါတယ်။
   
    ကျယ်လောင်သောပေါက်ကွဲသံနဲ့အတူစင်မြင့်တစ်ခုလုံးမြေမှုန့်တွေထောင်းခနဲ့ထသွားခဲ့ပါတယ်၊မြေမှုန့်တွေပြန်ငြိမ်လာတဲ့အခါမှာတော့မဲတူးနေတဲ့ပုံရိပ်နှစ်ခုကစင်မြင့်ကြမ်းပြင်မှာမျက်ဖြူလန်မေ့မြောလျှက်ဖြင့်ယခင်ကခြေတစ်လှမ်းတောင်မလှမ်းပဲတည်ငြိမ်စွာရပ်နေတဲ့၊ချန်ပေ၊ကိုမြင်ရတော့သည်။
   
    ပြိုင်ပွဲကပြီးဆုံးသွားပါပြီ၊ဒါပေမယ့်ဘယ်ပွဲကြည့်ပရိတ်သတ်ကမှတော့မလှုပ်ရှားကြသေးပါဘူး၊ပြောရရင်ယှဉ်ပြိုင်ပွဲက၊တစ်မိနစ်လေးတောင်မကြာလိုက်ဘူးမလား၊အရမ်းကိုမြန်ဆန်လွန်းတာကြောင့်ပရိတ်သတ်တွေတောင်အားပေးသံမအော်လိုက်ရပေ။
   
    သုံးမိနစ်အောင်လှ၊ထက်ပိုမြန်သောပွဲကြောင့်ပရိတ်သတ်တွေကဘာတုန့်ပြန်ရမှန်းကိုမသိတော့တာပါ။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now