၁၂၁ - ၁၂၅

111 10 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၁၂၁)
   
    ဒီနေ့တော့ ထူးထူးဆန်းဆန်း သူမဆရာက ပြောင်းလဲသွားတာကို အိပ်ရာထကတည်းက ဗစ်တိုးရီးယား သတိထားမိနေသည်။
   
    ပထမဦးစွာ ချန်ပေ ကသူမတို့အတွက် မနက်စာပြင်ဆင်ပေးထားသည် မဟုတ်ပါလား။
   
    သာမန်ဆိုရင် သူမကသာ သူတို့အားလုံးအတွက် မနက်စာတို့ကို ပြင်ပေးမှာဖြစ်ပါတယ်။
   
    ထူးဆန်းမှုက အဲဒီတစ်ခုတင် မကပါဘူး ချန်ပေ ကခါတိုင်းထက်ကို သဘောကောင်းပြီး သူမအပေါ်ကို ကလေးလေး တစ်ယောက်လို ဂရုတစိုက် ဆက်ဆံနေသေးသည်။
   
    သူမထမင်းစားရင်လည်း "ဂရုစိုက်စား အဲဒါပူနေသေးတယ် အေးအောင်လေမှုတ်ပြီးမှာစား။"စသည်ဖြင့် အသေးစိတ်ကကို ဂရုစိုက်ပေးနေတာကြောင့်။
   
    သူမ ခမျာ ဘယ်လို နေရမှန်းကို မသိတော့ပါဘူး။
    နောက်ဆုံးတော့ သူမဘယ်လိုမှ သည်းမခံနိုင်တော့ပဲ သူကိုအကျိုးကြောင်းမေးမိသွားသည်။
   
    သူမက စားပြီးသား ပန်ကန်တွေကို ချန်ပေ နဲ့အတူတူဆေးရင်း..
    "ဟိုလေ.. ဆရာ တပည့်တစ်ခုလောက် မေးလို့ရမလားရှင့် ။"
   
    ချန်ပေ ကသူမစကားကိုကြားတော့။
   
    "အင်မေးလေ ရီအာလေး ဆရာ
    ကိုဘာမေးချင်တာလဲ ကြိုက်တာမေးနော်။"ဟု ချန်ပေ ကပြန်ပြောလိုက်ရာ ဗစ်တိုးရီးယား မျက်နာဘယ်လို ထားရမှန်းကိုမသိတော့ပါဘူး။
   
    သူမ ဆရာက သူမကို ရီအာလေး လို့ချစ်စနိုးလေး ခေါ်လိုက်သည် မဟုတ်ပါလား အဲဒါက အဓိကမဟုတ်ပါဘူး။
   
    အဓိကသူရဲ့ အသံတို့က အလွန်ကိုမှ သိမ်မွေ့ပြီးတော့ ဂရုစိုက်တတ်တဲ့ အမကြီးတစ်ယောက်က ပြောဆိုလိုက်သလိုမျိုးကို သူမခံစားနေရတာပါ။
   
    နောက်တော့ သူမက သတ္တိကိုစုလိုက်ကာ ရင်ထဲက စကားတွေကို ထုတ်ပြောလိုက်တော့သည်။
   
    "ဟိုလေ.. ဆရာ ဘာမှတော့ သိပ်မဟုတ်ပါဘူး ဒီတိုင်း ဆရာ ကရုပ်တရက်တခြားသူလို့ တပည့်ခံစားလိုက်ရလို့ပါ၊
    ဟ..ဟ.. ရယ်ရတယ်နော် ကြည့်ရတာ တပည့် အထင်မှားနေတာပဲ ဖြစ်ရမယ် ဆရာ က ဆရာ ပါပဲ။"ဟု
    သူမက ကိုယ့်ကိုသာ ပြန်ရယ်ရင်း ကြောင်တောင်တောင် ဖြစ်စွာရေရွတ်လိုက်၏။
   
    ဗစ်တိုးရီယား စကားကြောင့် စနစ်ချန်ပေ စိတ်ထဲထိတ်ခနဲ့ ခံစားလိုက်ရပါတယ် သူက ဗစ်တိုးရီးယား ကိုသတိထားပြီး ကြည့်နေမိတော့သည်။
   
    သူမက အရမ်းကို ထက်မြက်လှသည်မဟုတ်ပါလား သူက ချန်ပေ မဟုတ်တာကိုတောင် တန်းပင်ရှာတွေ့တော့ မလိုဖြစ်သည် မလား။
   
    [ဒီကောင်မလေးက.. အသောကို ထက်မြက်တဲ့သူပဲ သူမလို တပည့်မျိုးကိုပိုင်ဆိုင်ထားတဲ့ စနစ်ရှင် ကတကယ်ကို ကံကောင်းတာပဲ။]ဟု စနစ်ချန်ပေ က ကျေနပ်စွာတွေးမိလိုက်သည်။
   
    အဲဒီနောက် စနစ်ချန်ပေ ကတစ်ချက်ရယ်မော လိုက်ရင်း။
    "ကောင်မစုတ်လေး.. ဘာတေလျောက်ပြောနေတာလဲ ဆရာ က ဆရာ မဟုတ်ရင် ဘယ်သူဖြစ်ရမှာလဲ၊
    ကဲပါ အဲဒါတွေထားလိုက် ဒီနေ့ ဆရာ ကမင်းတို့အတွက် အထူးစီစဉ်ထားတာ ရှိတယ်။"
   
    ချန်ပေ စကားကြောင့် ဗစ်တိုးရီးယား မျက်နာပျက် သွားသည် ချန်ပေ ရဲ့ အထူးစီစဉ်ထားတာကို ကြားမှ မနေ့တုန်းက ချနိပေ သူမတို့အတွက် အထူးလေ့ကျင့်မှုတို့ကို အစီစဉ်ဆွဲ ထားတယ်ဆိုတာ သူမသတိရလိုက်သည် မဟုတ်ပါလား။
   
    အဲဒါကိုကြားတော့ သူမကချက်ချင်းကို စိတ်ညစ်သွားသည်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now