၉၆ - ၁၀၀

100 10 0
                                    

S.K။
    ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
    အပိုင်း(၉၆)
   
    "ဟူ.. မင်းလေးကတော့လေ.. တကယ်ကို ကလေးလေးကျနေတာပဲ.. ကဲပါလေထားလိုက်ပါတော့.. လာဆရာမင်းကိုကုန်းပိုးမယ်.. ဆရာကျောပေါ်တက်.."
   
    သူ စကားကြားလိုက်ရတော့ သူမကအရမ်းကို တက်ကြွသွားတော့တာပဲ ချက်ချင်းပဲ ချန်ပေ ကျောပေါ်ခုန်တက် လိုက်ပုံများကွာ မသိရင် သူမကား မျောက်ကလေးကျနေတာပဲ။
   
    အဲဒီနောက်တော့ သူ ကျင်ကျ ကိုကုန်းပိုးရင်း ဗစ်တိုးရီးယား တို့ဆီကို သွားလိုက်ပါတယ် လက်ရှိ အချိန်ထိ သူမတို့က လက်ရည်ယှဉ်နေကျတုန်း ဖြစ်ပါတယ်။
   
    နှစ်ဖက်စလုံးက လေးနက်နေသော အကြည့်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက် နေကျတာက အသောကို ကြည့်လို့ကောင်းလှသည် တစ်ဖက်က ဗစ်တိုးရီးယား က သူ သင်ပေးထားတဲ့ တိမ်းစီးခြေလှမ်း နဲ့ ပန်မု ၏တိုက်ခိုက်လာမှု အကွက်တိုင်း တို့ကိုပညာသားပါစွာ ရှောင်တိမ်းနေပါတယ်။
   
    တစ်ဖက်က ပန်မု ကလည်း ခေသူမဟုတ်ပေ သူမ မျိုးနွယ်စု ၏စွမ်းရည်ကို အသုံးချပြီးတော့ ဗစ်တိုးရီးယား ကိုအစွမ်းကုန် လိုက်လန်တိုက်ခိုက် နေပါသည် သူမတို့နှစ်ယောက်ရဲ့ တိုက်ပွဲက အင်မတန်မှ ကြည့်ကောင်းလှကာ။
   
    အမှတ်တမဲ့ကြည့်လိုက်ရင် တိုက်ပွဲနဲ့မတူပဲ နတ်သမီးနှစ်ပါး ကလှဖျော်ဖြေနေသလားတောင် ထင်မှတ်ရပါတယ် လေထဲမှာတော့ ချီစွမ်းအား တွေကသိပ်သည်းဆ လာနေသည် တိုက်ပွဲကကြာလေ ပြင်းထန်လာလေဖြစ်ပါတယ်။
   
    ချန်ပေ တိုက်ပွဲကိုကြည့်ရင်း ခေါင်းကိုသာခါရမ်းမိသွားပါတယ် သူမတို့ရဲ့ လှုပ်ရှားမှု တစ်ကွက်တိုင်းမှာ ရေတွတ်လို့တောင် ဟာကွက်တွေက ရှင်းရှင်းလင်းလင်း ကြီးကိုတည်ရှိနေတယ် မဟုတ်ပါလား။
   
    ပြိုင်ဘက်ကသာထို ဟာကွက်တွေကို တိုက်ခိုက်လိုက်မယ်ဆိုရင် ဆယ်ကွက်အတွင်းပဲ သူမတို့က မရှုမလှကိုရှုံးနိမ့်သွားမှာ သေချာပါတယ် သူမတို့က တကယ်ကို အတွေ့ကြုံမရှိသေးတဲ့ သူတွေပဲ။
   
    တစ်ကွက်သို့ အရောက်မှာတော့ ဗစ်တိုးရီးယား သူမဆီဝင်ရောက်လာသော မီးခွေးသဏ္ဍာန်ရှိ လက်ဝါးကို လွတ်ရုံမျှသာ ကပ်သီးကပ်သပ် ရှောင်တိမ်းလိုက်ပြီး ယင်းနောက် လစ်ခနဲ့ ကိုယ်ပွား လေးခုကို ထုတ်ဖော်လိုက်တော့သည်။
   
    ရုပ်တရက် ဗစ်တိုးရီးယား တစ်ယောက်ကနေမှ လေးယောက်တိတိ ပေါ်လာတော့ ပန်မု တစ်ယောက် ဗျာများသွားပါတယ် သူမက ဘယ်သူကို တိုက်ခိုက်ရမှန်းမသိတော့ပေ သူမအဲဒီလို ဗျာများ တွေဝေနေတာက ဗစ်တိုးရီးယား အတွက်တော့မဟာအခွင့်ရေး ဖြစ်သွားပါတယ်။
   
    "စီနီယာ..အမ.. ပန်မု သတိထားနော်.."ဟု
   
    ဗစ်တိုးရီးယား လေးယောက်လုံးက ပြိုင်တူရေရွတ်၍ သူမဆီကို အရပ်မျက်နာဘက်စုံကနေ ဝင်ရောက်တိုက်ခိုက် လိုက်တော့တယ် ပန်မု မျက်နာအကြီးကျယ်ကို ပျက်ယွင်းမိသွားပါတယ်။
   
    သူမကဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး ဖြစ်သွားသည် ပြီးပြီ ကျွန်တော် တိုက်ပွဲကို ကြည့်ရင်းအဖြေကို သိလိုက်ရပါပြီ ပန်မု ကသာတွေဝေတုံ့ဆိုင်းမှုမရှိ ဗစ်တိုးရီးယား ရဲ့ ကိုယ်ပွားဖြစ်ဖြစ်တကယ် ခန္ဓာကိုယ်ပဲဖြစ်ဖြစ် ဂရုမစိုက်ပဲ တိုက်ခိုက်လိုက်မယ်ဆိုရင် သူမအတွက်အခွင့်ရေး ရှိလောက်ပါသေးတယ်။
   
    အခုတော့သူမက မတိုက်ခိုက်ပဲ တွန့်ဆုတ်ဗျာများနေတော့ တိုက်ပွဲကဆက်ကြည့်စရာတောင် မလိုတော့ပါဘူး ရလဒ်ကိုတန်းပင် သိနိုင်လေသည် ဖြစ်ပါတယ်။
   
    အခြေနေက လုံးဝကိုစဉ်းစားတွေးတော ဖို့ မရတော့တာကြောင့် ပန်မု ကမျက်နာချင်းဆိုင်ရှိ ဗစ်တိုးရီးယား ကိုပဲလှမ်း၍ တိုက်ခိုက်လိုက်ပါတယ် ဒါပေမယ့် သူမတိုက်ခိုက်မှုက လေကိုသာ ထိသွားပါတယ်။
   
    ယင်းအချိန် ဗစ်တိုးရီးယား ၏အကြည့်က ရုပ်တရက် စူးရှလာကာ သူမရဲ့တကယ် ခန္ဓာကိုယ်က လျင်မြန်စွာ လှုပ်ရှားသွားပြီး ပန်မု ကိုအနီးကပ် ချုပ်နှောင်လိုက်ပါတော့တယ်။
   
    "ဟမ်..!!"
   
    သူမရဲ့ချုပ်ကွက်က အင်မတန်ကိုမှ ရိုးရှင်းသလောက် ထိရောက်မှုရှိလှပါတယ် ဗစ်တိုးရီးယား ရဲ့ ချုပ်ကွက်ကိုမြင်ပြီး ချန်ပေ တောင်အံ့သြသွားရပါတယ်။
   
    သူမချုပ်ကွက်က လိုအပ်ချက်တွေရှိနေသေးပေမယ့် ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် အသောကို အံ့အားသင့်စရာကောင်းလွန်းသည် မဟုတ်ပါလား။
   
    ထိုစဉ်..
   
    "နင်.. ရှုံးသွားပြီ.."
   
    ဗစ်တိုးရီးယား က ပန်မု ကိုချုပ်နှောင်လျှက် နားနားကပ်ပြောလိုက်ပါတယ် သူမစကားကြောင့် ပန်မု လေပူကိုသာ မှုတ်ထုတ်မိကာ သူမရုန်းနေရာကနေ ရပ်တန့်လိုက်ပါတော့တယ်။
   
    အဓိပ္ပါယ်ကတော့ ရိုးရှင်းပါတယ် သူမအရှုံးပေးလိုက်ပြီ ဖြစ်ပါတယ်။ပန်မု ရဲ့အရှုံးပေးမှုကြောင့် ဗစ်တိုးရီးယား အနည်းငယ် စိတ်ပျက်သွားပါတယ် သူမက ဤလောက်အမြန်ကြီး အရှုံးမပေးသင့်ဘူးလေ အနည်းဆုံးတော့ ခဏလောက်ရုန်းကန်ပြီးတော့။
   
    သူမချုပ်ကွက်ကနေ လွတ်မြောက်ဖို့ ကြိုးစားသင့်တာပေါ့။ဗစ်တိုးရီးယား မသိတာက ပန်မု ကသူမရဲ့လက်ထဲကနေ လွတ်မြောက်ဖို့ကို ဘယ်လိုမျိူး ရုန်းကန် လှုပ်ရှားရမှန်းကို မသိတော့တာပါ။
   
    ထိုကြောင့်ပဲ သူမကတွေဝေမှုမရှိ အလျင်မြန်ဆုံး အရှုံးပေးလိုက်တာပါ။သူမသာ အရှုံးမပေးပဲ ဆက်၍ ခေါင်းမာနေမယ် ဆိုရင်တောင် ရလဒ်ကပြောင်းလဲသွားမှာလည်း မဟုတ်တာ အဲဒါကြောင့်ပဲ အရှုံးပေးလိုက်တာက အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပါတယ်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now