အခန်း ၁ - နိဒါန်းတစ်ခုလား

875 68 6
                                    

"ဒင်။..~~~
ဂုဏ်ယူပါတယ် ခွေးသားလေး မင်းကိုမသေမျိုးထာဝရ နတ်ဘုရား ခန္ဓာ ပေးအပ်လိုက်တယ် ။ ပြီးတော့ ထာဝရ အင်မော်တယ် ဝိညာဉ် ကိုလဲ ထပ်ပေးလိုက်မယ်.. ယီးပဲ မင်းထပ်သေချင်ရင်တောင်သေခွင့် မပေးနိုင်တော့ဘူးကွ.. ငိုးမသားရ... ယီးပဲကွာ။"
   
ချန်ပေ နားထဲကြားနေရတာတွေပါ ဘာတွေမှန်းသူမသိဘူး ကိုယ်ဘာသာသေလိုက် ပြန်ဝင်စားနဲ့ ဖြစ်နေတဲ့ ချန်ပေ တစ်ယောက်ပါ။
   
အခုတစ်ခါပြန်ဝင်စားတာက အကြိမ် ၁၀၀၀၀ မြောက်ဖြစ်ပါတယ်။သူကရိုးရိုးသစ်ခုတ်သမား ကနေဝင်စားလာတဲ့သူပါ။ အဲ...အသက်က ၂၈ နှစ်ပါ။ဒါပေမယ့်အခုတော့ အသက်က ၆၀ ကျော်လောက်ပြီ ထင်ရ၏။
   
နှစ်ပေါင်းများစွာ သေခြင်းရှင်ခြင်း ကြားမှာခရီးသွားနေရသူမို့ သူ့အသက်က ဘယ်လောက်ထိရှိ နေပြီလဲဆိုတာတောင် သတိမရတော့ဘူး။
   
အဲ...ပြောရအုံးမယ်။သူအဲလို တစ်ယောက်တည်း အခုလို အခေါက်ခေါက် အခါအခါ ဝင်စားတိုင်းမှာ လိုက်တွေ့နေတဲ့ သူတစ်ယောက်ရှိတယ်။ သူကိုတော့ ကပ်ပါးမ လို့သူကအမည် ပေးထားပါတယ်။
   
သူမက ချန်ပေ ၅၉၆၃ ကြိမ်မြောက်ပြန်ဝင်စားခဲ့တုန်းကသူရဲ့ ရည်းစား ဖြစ်တယ်၊ချန်ပေ သေတော့သူမကရူးကြောင်ကြောင် နဲ့ ကတိသစ္စာဆိုပြီး နောင်ဘဝအဆက်ဆက် ရောက်သည့်တိုင် သူ့နောက်လိုက်ပြီးအဖော်ပြုမယ် လို့ပြောခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ချန်ပေ သေလိုက်တိုင်းမှာ သူမစိတ်မပါရင်တောင် လိုက်သေရတယ်။ အကြိမ်ပေါင်းများစွာ ကြာလာတော့သူမက သူ့ကိုတော်တော်မုန်းတီးနေပြီ။
   
သူကိုမြင်ရင်သူ့မအခွက်က ဘီလူးစီးတဲ့အတိုင်းပဲ ချဉ်စုတ်ဗျစ်သိုး နေတာပဲ။တော်တော်ကြည့်ရဆိုးရလေသည် ။ အခုတော့ ချန်ပေ က တိုင်တစ်ခုမှာ ကြိုးနဲ့ချည်ခံနေရပါတယ်။
   
ဘေးပတ်ပတ်လည်မှာတော့ မီးတုတ်ကိုင်ထားတဲ့ ရွာသားတွေအများကြီးပဲ။သူတို့က သူ့ကို ကြည့်ပြီးအော်ဟစ် ဆဲဆိုနေတယ်။ ချန်ပေ ကဘယ်လိုမှစိတ်ထဲမထားပါဘူး။
   
ဒီတိုင်းသစ်သားတိုင်မှာသာ ငြိမ်ငြိမ်ရပ်နေပါတယ်။မရပ်ပဲထိုင်လို့လဲမရပါဘူး။သူခန္ဓာကိုယ်တစ်ခုလုံး ကြိုးတွေနဲ့ထူထပ် စွာချုပ်နှောင်ထားတာကို အားလုံးကသူ့ကိုစုန်းထီးကောင် မိစ္ဆာကောင် ဆိုပြီးလည်း သမုတ်ကာ ဆဲဆိုနေကြတယ်။
   
အဲအချိန်မှာရွာသားထဲက တစ်ယောက်ရှေ့တက်လာပါတယ်။သူကမီးတုတ်ကိုယူဆောင်လာပါတယ်။ရွာသားက သူအောက်ကဆီစိမ်ထားသစ်သားခြောက်ပုံ ကိုမီးစတို့လိုက်တယ်။
   
ချက်ချင်းပဲ မီးဟုန်းဟုန်းတောက်လာတော့တယ်။မီးလျှံကတညီးညီး မီးခိုးတောင်မွှန်လာပါတယ်။ ကြည့်ရတာသူထပ်သေရတော့မယ်ပုံပါပဲ။ အဲဒါလဲကောင်းပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်လေ သေခြင်းတရားက သူရဲ့သူငယ်ချင်းအရင်းတွေတောင် ခေါ်လို့ရသည်အထိ ရင်းနှီးနေပြီကို။
   
အဲအချိန်ကောင်းကင်က ထူးထူးဆန်းဆန်း မှောင်မည်းလာပါတယ်။တိမ်ယံတိမ်တိုက်တို့က အုံဆိုင်းညိုမိုင်းလာပြီး အချိန်မရွေးအငြိုးကြီးတဲ့ မိုးစက်တို့ကိုရွာသွန်းတော့မယ့်ဟန်ရှိနေတယ်။
  
ဂျိမ်းး~~~
   
ရုတ်တရက် ကောင်းကင်ပြို သလိုကျယ်လောင်တဲ့ ဟိန်းမြည်သံ ထွက်လာတယ်။ မိုးပြာရောင်သန်းတဲ့ အလင်းတန်းကြီးတစ်စင်းက တိမ်တိုက်ကြားမှာ ပြေးလွှားသွားခဲ့တယ်။
   
ချန်ပေ လည်းအရမ်းကျယ်လောင်ပြီး နားတောင်အူစေတဲ့ အသံကြောင့်ကောင်းကင်ကို မော့ကြည့်မိတယ် ။ အဲဒီမှာလုံးဝထင်မထားတဲ့ဟာ ကိုမြင်လိုက်ရတယ်။
   
မိန်းကလေးတစ်ဦး။ဟုတ်ပါတယ်... မိန်းကလေးတစ်ယောက်ပါ။အပြာရောင် သိုင်းမယ် ဝတ်စုံကို ဆင်မြန်းထားတယ်။ သူကလေပေါ်မှာဝဲပြီး ကျက်သရေရှိစွာ ဆင်းသက် လာနေတယ်။
   
အရမ်းကိုချောမောလှပ လွန်းတဲ့မျက်နှာကိုပိုင်ဆိုင်ထားတဲ့သူပါ။သိုင်းမယ်ဝတ်စုံနဲ့အလွန်လိုက်ဖက်ပြီး ခေါင်းကဆံနွယ်ကြားက အပြာဖျော့ရောင် ရှိတဲ့ ဂျိုနှစ်ချောင်းတိုတိုလေးကိုပါ မြင်နေရတယ်။
   
သူမကကောင်းကင်ကနေ ချန်ပေ ဆီ​ ဖြည်းဖြည်းချင်းဆင်းသက်လာတယ်။ ရွာသားတိုင်းကလည်း ကောင်းကင်ကနေ အနှိုင်းမဲ့လှပလွန်းတဲ့ အင်မော်တယ် နတ်သမီး ဆင်းသက်လာတာကြောင့် သူမကို အရိုအသေ ကန်တော့ပြီး ရှိခိုးနေကျတော့တယ်။
   
မကြာဘူး.....သူမက သူ နဲ့ပေ ၂၀ အကွာကလေထဲမှာ လှပစွာ ဝဲပျံရင်းနဲ့ရပ်လိုက်တယ်။ ပြီးတော့သူမက မျက်မှောင်ကျုံ့ထားတဲ့ မျက်နာထားနဲ့ စကားသုံးလုံးတိတိ ကို ပြောခဲ့တယ်။
   
သူမဘာပြောလဲ ခက်မှန်းကြပါအုံး သူမပြောလိုက်တာက.. စ..ပ..ပဲ.. တဲ့။ နောက်မှသိလိုက်တာက သူမကတခြားသူမဟုတ်ပဲ ချန်ပေ ရဲ့သေဖော်ဝင်စားဖက်ဖြစ်တဲ့ သူရဲ့ရည်းစားဟောင်း ခေါ် ဟန်မူရာ ပဲဖြစ်ပါတယ်။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now