၁၆ မှ ၂၀

247 21 0
                                    

S.K။
ပြန်ဝင်စားခြင်း အသေဆုံးသော နတ်ဘုရား။
အပိုင်း(၁၆)

"ယမမင်း စေတန်(မျိုးနွယ်)ဒီမန် ကြွရောက်လာပါတယ်။"

ထိုစဉ် ခန်းမတစ်ခွင်သို့ အမည်နာမကျေညာသံ တစ်ချက်ထွက်လာခဲ့ပါတယ် ။

ထိုအသံထွက်လာတော့ အာရုံနောက်နေတဲ့ ကောင်းကင် အရှင် ခေါင်းမော့လာပါတယ် သူက မေးခွန်းတစ်ခု၏ အဖြေကို ရလိုက်သည်။

သူကချက်ချင်းဘေးနားမှာ ရပ်နေတဲ့ နတ်အမတ်မင်းကြီး ကို စကားပြောဆိုလိုက်တော့၏။

"အမတ်မင်းကြီး ငါအကြံတစ်ခုရပြီ အဲဒါအကြံနဲ့ဆိုရင် ကောင်းကင်ဘုံကို ဒုက္ခပေးနေတဲ့ မျောက် မိစ္ဆာ ကောင်လဲ ကိစ္စတုံးသွားလိမ့်မယ်။"

"ဟုတ်ကဲ့ ပြောပါ အရှင် .."

နတ်မင်းကြီးအမတ် ကလည်း အရမ်းကိုမှ စိတ်ဝင်စားစွာသွားပါတယ်။

သူက အဲဒီ ရိုင်းစိုင်းတဲ့ မျောက်ကောင် ကြောင့် ခေါင်းမှာ ရှိသော ဆံပင်အချို့တောင် ကျွတ်ကျခဲ့ပါသည်။

"အင် ငါအကြံက ဒီလိုကွ။"ဟု

ကောင်းကင်အရှင်က အမတ်နတ်မင်းကြီး နားထဲကိုတိုးတိုးကလေး ပြောလိုက်ပါတယ်။ အမတ်နတ်မင်း မျက်နာအမူရာတွေ။

အမျိုးမျိုးပြောင်းလဲ သွားပါတယ် မှင်သက်လိုက် အံ့သြလိုက် ကြောက်ရွံလိုက် စိုးထိတ်လိုက် နဲ့ အမျိုးမျိုးပြောင်းလဲ သွားခဲ့ပါတယ်။

ခဏကြာတော့ စိုးရိမ်သော အမူရာနဲ့။

"ဖြစ်ပါ့မလား အရှင် တော်ကြာ အရှင် ဒီမန် သာစိတ်တိုသွားရင် ကျွန်တော်မျိုး အသက်ပျောက် သွားနိုင်တယ် ဗျ။"

"ဟာ.. မင်းကလည်းကွာ ဖြစ်ပါတယ် စိတ်မပူနဲ့ ငါ သူကိုနားချလိုက်မယ် မင်းသာ ပြင်ဆင် စရာရှိတာ ပြင်ဆင်ထားလိုက် ။"

"ဟုတ်ကဲ့ အရှင် ဒါဆို ကျွန်တော်မျိုး ကိုသွားခွင့်ပြုပါအုံး"ဟု

အမတ်နတ်မင်းက ကောင်းကင်အရှင်ကို ဂါဝရပြုကာထိုခန်းမကနေ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။

ထိုစဉ်။

ခန်းမ ထဲကို ကိုသေမင်း နဲ့ ချန်ပေ တို့နှစ်ယောက် ရောက်ရှိလာပါတယ် ၊ ကိုသေမင်း ကမြင့်မြတ်သော ပုလ္လင်တော်က ကောင်းကင်အရှင်ကို တွေ့လိုက်တော့။

ပြန်လည်၀င်စားခြင်း အသေဆုံးသောနတ်ဘုရား(ချန်ပေ)(ခွင့်ပြုချက်ရပြီး)Where stories live. Discover now