Ch-3

3.4K 244 23
                                    

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ
( From HHHM)

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ( From HHHM)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

*************
အပိုင်း(၃)


" ရောင်နီရေ "

" ဗျာ ကိုလွင်ခန့် "

" ဒီနွားနို့နဲ့ပေါင်မုန့်လေး ဆရာ့အခန်းကိုယူသွားပေးပါလား "

" ကျွန်တော်ကလား "

" အေးပေါ့ ဒီတာ၀န်တွေကိုနောက်ဆိုမင်းပဲလုပ်ရမှာနော် တာ၀န်ခွဲယူတဲ့သဘောမျိုးပေါ့ငါ့ညီရာ  ဆရာကညစာမစားပေမဲ့ ပေါင်မုန့်နဲ့နွားနို့တော့အမြဲသောက်တယ် နွားနို့ဆိုရင်လဲသကြားလုံး၀မထည့်ပဲ အဆိမ့်ပဲသောက်တာ အရမ်းပူရင်လဲမသောက်ဘူး အရမ်းအေးရင်လဲမသောက်ဘူး ခပ်နွေးနွေးလေးမှသာသူကအရသာခံသောက်တာ "

" ဟုတ်ကဲ့ ကျွန်တော်မှတ်ထားပါ့မယ် "

" အေးပါကွာ နောက်ဆိုမင်းလဲဒီအိမ်နဲ့အသားကျသွားမှာပါ ဆရာ့ကိုလဲမကြောက်နဲ့"

" ဟုတ်ကဲ့ "

" နောက်ပြီး မနက်ဖြန်ကကြာသပတေးနေ့ဆိုတော့ ဆရာအိမ်မှာရှိတယ် အဲ့တာကြောင့် မနက်ဖြန်ဘာဟင်းစားချင်လဲဆိုတာ တခါထဲမေးလာခဲ့လိုက် မနက်ကျငါစျေး၀ယ်ရင်စာရင်းလုပ်ထားလို့ရအောင်လို့ "

" ဟုတ် ကြာသပတေးနေ့တိုင်းဆရာကအိမ်မှာရှိတာလားဟင် "

" အေးကွ ကြာသပတေးနေ့တိုင်းဆရာကအိမ်မှာရှိတယ် နောက်ပြီးအလုပ်ပါးတဲ့နေ့တွေဆိုရင်လဲအိမ်မှာရှိတယ် အတိအကျတော့မပြောတတ်သေးဘူးပေါ့ငါ့ညီရာ ဆရာကသူနားချင်တဲ့နေ့ဆိုနားပစ်တာ "

" ဟုတ်ကဲ့ "

" ကဲ ငါ့ညီလဲဒါလေးသွားပို့ပြီးရင် အိပ်ယာ၀င်လိုက်တော့ ငါလဲအိမ်မီးတွေသွားပိတ်လိုက်အုံးမယ် "

The Villain In Someone's Story(Completed) Where stories live. Discover now