Ch-9

2.3K 185 29
                                    

*****အပိုင်း(၉)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

*****
အပိုင်း(၉)

" အမှောင်ထဲမှာ တစ်ယောက်ထဲဘာလုပ်နေတာလဲရောင်နီစံ "

အကုန်အိပ်သွားပြီအထင်နှင့် ထမင်းစားခန်းထဲစားစရာတစ်ခုခုလာရှာကာမှ ထွဋ်မောင်နှင့်ထိပ်တိုက်သွားဆုံရတော့သည်။ ညသန်းခေါင်ဆို ဗိုက်ဆာတတ်တဲ့သူ့အကျင့်ကိုပဲ အပြစ်တင်ရတော့မလို။

" ဟင် ဆရာအိပ်သွားပြီမဟုတ်ဘူးလား "

ဦးငယ်တို့ပြောပြထားလို့ ညရှစ်နာရီဆိုထွဋ်မောင်အိပ်ယာ၀င်တတ်မှန်း သူသိထားတာဖြစ်သည်။

" ငါမေးတာပဲအရင်ဖြေစမ်းပါအုံး မင်းကဒီမှာဘာလာလုပ်နေတာလဲ "

သူ့ရှေ့မှပိတ်ရပ်ကာ ချောင်ပိတ်မေးလာသူကြောင့် ရောင်နီအခက်တွေ့လာတော့သည်။ ဗိုက်ဆာလို့စားစရာလာရှာတာပါလို့ပြောရင်လဲ ထပ်ပြီးအဆူခံရအုံးမည်။

" ငါမေးနေတယ်လေ "

" ဟို... ကျွန်တော်ဗိုက်ဆာလို့ပါ "

" ညကထမင်းမစားထားဘူးလား "

" စားထားပါတယ် ဒါပေမယ့်ကျွန်တော်ကညသန်းခေါင်ဆိုဆာတတ်လို့ပါဆရာ "

" ညစာစားတဲ့အချိန်မှာ တစ်ခါထဲအ၀စားထားရမယ်လို့ဦးငယ်မပြောထားဘူးလား "

" ပြောထားပါတယ်"

" အဲ့တာဆို ဘာလာရှာနေတာလဲ ဘာမှမရှိတော့ဘူး ငါကထမင်းပိုဟင်းပိုမချက်ခိုင်းထားဘူး "

" ဟုတ် ကျွန်တော်ရေသောက်လိုက်လို့ ဗိုက်လဲမဆာတော့ပါဘူး ဆရာ့ကိုစိတ်အနှာင့်အယှက်ဖြစ်သွားစေရင်တောင်းပန်ပါတယ်နော် ကျွန်တော်ပြန်အိပ်လိုက်ပါ့မယ် "

ရောင်နီထိုနေရာမှ အမြန်ရှောင်ထွက်ဖို့ကြံရွယ်လိုက်သည်။ ညသန်းခေါင်ဗိုက်ဆာတတ်တဲ့ အကျင့်ကိုလဲသူအမြန်ပြင်မှဖြစ်တော့မည်။

The Villain In Someone's Story(Completed) Where stories live. Discover now