Ch-8

2.4K 196 22
                                    

*******အပိုင်း(၈)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

*******
အပိုင်း(၈)

အရင်နေ့တွေထက်တက်ကြွနေတဲ့စိတ်ကလေးရယ်ပါ။ မတွေ့ရတဲ့ရက်တွေအတွင်း အချစ်ဆုံးကဘာတွေများလုပ်နေမလဲ ဘယ်လိုတွေများစားသောက်နေမလဲဆိုတာ သူအသေးစိတ်သိချင်နေတာဖြစ်သည်။ တွေ့လို့ကတော့ ထိုအနွေးဓာတ်လေးကိုသူတင်းကျပ်နေအောင်ဖက်ထားဖို့ ကြံရွယ်ထားသည်။ ခပ်ချောချောမျက်နှာလေးကို မတွေ့ရတာအတော်လေး ကြာခဲ့ပြီမဟုတ်လား။

" ဦးငယ် "

" ငါ့တူကဒီနေ့တယ်သားနားနေပါလား "

" ဟုတ်တယ်ဦးငယ်ရဲ့ ဒီနေ့ကျွန်တော့်အလုပ်ပိတ်ရက်ဆိုတော့အပြင်ကိုသွားမလို့ပါ "

" ဟေ တစ်ယောက်ထဲဖြစ်ပါ့မလား "

" အမှန်အတိုင်းပြောရရင် ကျွန်တော်ဒီနေ့သောင်းစန့်နဲ့သွားတွေ့မလို့ပါဦးငယ် "

" မင်းဟိုတနေ့ကပြောတဲ့ စန့်သောင်းရဲ့သားဆိုတာလား "

" ဟုတ်တယ်ဦးငယ် သူအခုရန်ကုန်ကိုရောက်နေလို့လေ "

" ဟုတ်လား အဲ့တာဆိုဂရုစိုက်သွားကွယ် အပြန်ကိုနောက်မကျစေနဲ့အုံး ဆရာအလုပ်ကပြန်မလာခင်ရောက်အောင်ပြန်ခဲ့နော်ရောင်နီ "

" ဟုတ်ကဲ့ဦးငယ် ကျွန်တော်အချိန်မှီပြန်လာမှာပါ "

ခြံပြင်ထွက်လှမ်းလိုက်တဲ့ ခြေလှမ်းတွေကပုံမှန်ထက်လျှင်မြန်နေပြီး ရင်ခုန်သံတွေကအဆမတန် တုန်ယင်လာတော့သည်။ ဒီအချိန်အချစ်ဆုံးက ကားမှတ်တိုင်မှာများကြိုရောက်နေမလားဆိုတဲ့အတွေးနဲ့တင် စိတ်လှုပ်ရှားရတော့သည်။ တစ်ဦးတည်းသောအနွေးဓာတ်လေးက သိပ်ကိုပြုစားလွန်းပါသည်လေ။
.
.
.
.
ခပ်လှမ်းလှမ်းမှလှမ်းမြင်လိုက်ရတဲ့ကျောပြင်လေးက အချစ်ဆုံးရဲ့အငွေ့အသက်လေးဆိုတာခန့်မှန်းစရာတောင်မလို။ အစိမ်းဖျော့ရောင်ရှပ်အင်္ကျီလေးနဲ့ဂျင်းဘောင်းဘီက ဒီနေ့မှအသစ်ထုတ်၀တ်လာတဲ့ပုံစံဆိုတာ ကျိန်းသေသည်။

The Villain In Someone's Story(Completed) Where stories live. Discover now