Ch-21( Final)

7K 284 59
                                    

" သောင်းစန့်ရေ "

အိမ်ရှေ့မှလက်လှမ်းပြကာအော်ခေါ်နေတဲ့ စိုင်းခန့်ကြောင့် လက်ထဲမှဂစ်တာအားအသာချရင်း သောင်းစန့်ထွက်ကြည့်လိုက်သည်။

" ဘာဖြစ်လာတာလဲငစိုင်းရ "

" မင်းကိုသတင်းလာပေးလာဟေ့ကောင်ရေ "

သူ့လက်အားအသာဆွဲကာ ခပ်တိုးတိုးပြောလာတဲ့စိုင်းခန့်ကြောင့် သောင်းစန့်ကြောင်တောင်တောင်ဖြင့်သာ မေးငေါ့ပြလိုက်၏။

" ရောင်နီပြန်ရောက်နေပြီ အဲ့တာမင်းကို.... "

" အခုချက်ချင်းငါလိုက်သွားမယ် "

" သောင်းစန့်မင်း!!! "

ပြေးထွက်ဖို့ကြံနေတဲ့ခြေလှမ်းအစုံက မာန်ပါပါဟိန်းလိုက်သည့်ဦးစန့်သောင်းရဲ့အသံအောက် ရပ်တန့်သွားတော့သည်။

" မင်းအခုချက်ချင်းအိမ်ထဲပြန်၀င်လာခဲ့ "

" ကျွန်တော်ရောင်နီနဲ့သွားတွေ့ရမယ်အဖေ "

" မင်းအဲ့ကောင်ကိုအဲ့လောက်တောင်ကြိုက်နေသလား ဒီရွာမှာကြိုက်စရာလူအဲ့လောက်ရှားနေသလား ဟမ် "

ဦးစန့်သောင်းကဒေါသထွက်စွာအော်ပြောရင်း တံမြတ်စည်းတစ်ချောင်းအားလက်ထဲတင်းတင်းဆုပ်ကာ ခြံထဲဆင်းလာ၏။

" အဲ့ကောင်ကြောင့် မင်းဘ၀ပျက်ပြီးတာတောင်ထပ်ပြီးသွားတွေ့ချင်နေသေးတယ်ပေါ့ "

" ရောင်နီကြောင့်မဟုတ်ဘူးအဖေ စည်းကမ်းတွေနဲ့နေထိုင်သွားရမယ့်ဘ၀မျိုးကိုကျွန်တော်မနှစ်သက်လို့ ကျွန်တော့်ဆန္ဒအရအလုပ်ထွက်လာခဲ့တာပါ "

" ယောကျ်ားချင်းချစ်ကြိုက်နေတာမင်းမရှက်ဘူးလား မင်းလိုကောင်ကအရှက်မရှိပေမယ့် သိက္ခာနဲ့နေထိုင်နေတဲ့ငါတို့ကတော့ရှက်တယ်ကွ အဲ့တာမင်းသိလား "

" ဘယ်သူဘယ်၀ါနဲ့ချစ်ကြိုက်ပါဆိုပြီး ပြဌာန်ထားတဲ့ဥပဒေများရှိသလား ကျွန်တော်ကြောင့်အဖေတို့အရှက်ရတယ်ဆိုရင် ရောင်နီနဲ့ကျွန်တော်အ၀ေးဆုံးကိုထွက်သွားပေးမယ် ဒါဆိုအဖေကျေနပ်လောက်မလား "

" ဘာကွ ဒီကောင်!! "

ဘုန်း ဘုန်း!

အရှိန်နဲ့လွှဲရိုက်လိုက်တဲ့တံမြတ်စည်းရိုးတံက သောင်းစန့်ရဲ့လက်မောင်းနှင့် ခြေသလုံးတွင်အားပြင်းစွာထိကပ်လာတော့သည်။ အံကိုကြိတ်ကာ တောင့်ခံထားသော်လည်း ဦးစန့်သောင်းရဲ့ဒေါသက အရှင်းကွယ်ပျောက်သွားခြင်းမရှိပေ။

You've reached the end of published parts.

⏰ Last updated: Oct 19, 2023 ⏰

Add this story to your Library to get notified about new parts!

The Villain In Someone's Story(Completed) Where stories live. Discover now