Ch-4

3K 208 19
                                    

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ
( From HHHM)

မပြောဖြစ်ခဲ့သော ဒဏ်ရာလှလှလေးများ( From HHHM)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

**********
အပိုင်း (၄)


မနက်7နာရီထိုးတာနဲ့ ရောင်နီမျက်နှာသစ်သွားတိုက်ကာ အိမ်အတွင်းအပြင်ကို တံမြတ်စည်းစလှည်းတော့သည်။ ဦးငယ်ကတော့ ခြံထဲမှအပင်တွေကိုရေလောင်းကာ အချို့အပင်တွေကိုပန်းအိုးအသစ်ဖြင့်ပြန်ခွဲပေးသည်။ ဆောင်း၀င်ခါစမို့ မြူတချို့ကဖုံးလွှမ်းနေပြီး ချမ်းစိမ့်စိမ့်ခံစားချက်က၀င်ရောက်လာတော့သည်။

" ရောင်နီ "

" ခင်ဗျာ "

" ကိုလွင်စျေးသွားလိုက်အုံးမယ် မနေ့ကဆရာ့ကိုမေးခဲ့သေးလား "

" ဆရာက ပုဇွန်နဲ့အားလူးဟင်းတခွက်ချက်ပေးပါတဲ့ နောက်ပြီးသီးစုံပဲကုလားဟင်းကို မဆလာများများနဲ့ချက်ပေးပါတဲ့ကိုလွင် "

" အေး ကိုလွင်မှတ်ထားလိုက်မယ် မင်းကောဘာစားချင်သေးလဲ မုန့်ဟင်းခါး၀ယ်ခဲ့ပေးရမလား "

" ရပါတယ်ကိုလွင်ရယ် ကျွန်တော်ကော်ဖီနဲ့ပေါင်မုန့်စားပြီးပါပြီ "

အားနာတဲ့စိတ်ကြောင့်သာ သူငြင်းပယ်လိုက်ခြင်းဖြစ်သည်။ မနက်စာကို ထမင်းစားရမှသာ တင်းတိမ်တဲ့သူ့အတွက် ကော်ဖီနဲ့ပေါင်မုန့်ကလိုက်လျောနိုင်ခြင်းမရှိပေ။

" ဦးငယ် "

" ဟေ "

" ဆရာက ဘယ်နှနာရီမှအိပ်ယာထမှာလဲဟင် "

" ဘာလို့လဲသားရဲ့ "

" ဟို.....ဆရာကဒီမနက်ကိုးနာရီမှာ ကျွန်တော့်ကိုစာတိုက်လိုက်ပို့မယ်ပြောလို့ပါ "

" ဟုတ်လား ဆရာကအခုအိမ်မှာမရှိဘူးငါ့တူရဲ့ "

" ဟင် ဆရာကဘယ်ထွက်သွားလို့လဲ "

The Villain In Someone's Story(Completed) Where stories live. Discover now