Ch-15

2.5K 185 24
                                    

အပိုင်း(၁၅)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အပိုင်း(၁၅)


" ဒါလေးစားကြည့်ပါလား အရသာကပူမှစားလို့ကောင်းတာမို့ ခပ်နွေးနွေးလေးပြန်လုပ်ပေးထားတယ် "

" ဟုတ် "

ရိုက်ကူးရေးတွေလည်းအကုန်ကင်းရှင်းသွားပြီမို့ သူချက်ပြုတ်ထားသောအစားအသောက်များကို ရောင်နီအားလက်တွေ့မြည်းစမ်းခိုင်းနေခြင်းဖြစ်သည်။

" ကောင်းလား "

" ဟုတ် အရသာတော်တော်ရှိတယ် ကျွန်တော်အရင်ကဒါမျိုးမစားဖူးသေးဘူး "

" အဲ့တာဆိုကုန်အောင်စား "

" ဟို....ဦးငယ်နဲ့ကိုလွင်အတွက်က... "

" စိတ်ပူမနေနဲ့ မောင်လွင်တို့အတွက်ငါသပ်သပ်ချန်ထားပေးတယ် ဒါကမင်းအတွက် "

" ဟုတ်ကဲ့ "

ခေါင်းငုံ့ကာ အားရပါးရစားပုံနေပုံက ခုနစ်ရက်လောက်ထမင်းပျက်နေသည့်အတိုင်း။ ( ဆရာချက်တဲ့ဟင်းတွေကအရမ်းအရသာရှိတာပဲ)ဟုကြားလိုက်တိုင်း သူ့စိတ်ထဲကြိတ်ပျော်မိသည်။ အခွင့်အရေးယူတာမျိုးမဟုတ်ပေမယ့် ထိုကောင်လေးမမြင်ဖူးမစားဖူးသမျှအရာအားလုံး သူကိုယ်တိုင်ထုတ်ဖော်ပြသကာ ဖြည့်ဆည်းပေးချင်မိ၏။ တဖတ်သတ်အချစ်ဟုသာသတ်မှတ်ထားတာမို့ ရောင်နီအနေခက်အောင် ချစ်ကြောင်းကြိုက်ကြောင်းစကားများကို သူထပ်ပြောမှာတော့မဟုတ်ပေ။

" မနက်ဖြန်ဦးငယ်မွေးနေ့ဆိုတာသိလား "

" ခင်ဗျာ ကျွန်တော်မသိဘူးဆရာ ဦးငယ်ပြောသံလည်းမကြားမိတော့လေ "

" သူအလုပ်ရှုပ်နေလို့နေမှာပါ အရင်နှစ်တွေကတော့ အပြင်ကအစားအသောက်တွေမှာပြီး စားကြသောက်ကြပေမယ့် ဒီနှစ်တော့ငါကိုယ်တိုင်ချက်ပေးမလားလို့လေ "

The Villain In Someone's Story(Completed) Where stories live. Discover now