Lovely little Wifey Part-5

18.6K 259 7
                                    

"ဒေါက်ဒေါက် ငယ်လေးရေ…ငယ်ငယ်"

တံခါးခေါက်ရင်း ခေါ်နေသံကြားလို့ ငယ်ငယ် နိုးလာတယ်…ဒေါ်ဒေါ်အသံ ဖြစ်မယ်…

"ဟုတ် ဒေါ်ဒေါ် "

"ငယ်‌ေလး ကျောင်းသွားရမယ်မလ့"
|ဟုတ်သားပဲ ကျောင်းသွားရမာ မေ့နေတယ်…ညက ဝသုန်တို့နဲ့ ဖုန်းပြောတာကြာသွားတာနဲ့ မနက်မနိုးဘူးဖြစ်သွားတယ်|

"သွားရမာ ဟုတ်တယ်"

"ရေချိုးသန့်စင်ပီး ဆင်းခဲ့တော့ ဒေါ်ဒေါ် ပြင်ပေးထားမယ်"

"ဟုတ်""

ရှပ်အကျီအဖြူ၊ ဒူး အထက်ပဲရှိတဲ့ စကပ်တိုအနက်၊ ခြေအိတ်နဲ့ မနေ့ကဝယ်ပေးထားတဲ့shoeအသစ်ကို စီးထားတဲ့ ငယ်ငယ် လွယ်အိတ်နဲ့ နက်ခ်တိုင် ကို ကိုင်ရင်း အပြေးဆင်းလာသည်…ပြေးရင်း ဆင်းလာတာကြောင့် ခြေချော်မလိုဖြစ်သွားတာမို့…

"ဖြေးဖြေး ဆင်းလေကွာ…ပြုတ်ကျရင် ကြည့်မကောင်း ဖြစ်အုံးမယ်"

လှေကားရင်းနားက ဦးက လှမ်းအော်ပြောနေသည်…

"အချိန်မမှီမှာ စိုးလို့"

"မိနစ်၃၀ လိုသေးတယ် မှီပါတယ်"

"လာလာ ဆရာရော ငယ်လေးရော မနက်စာ လာစားကြ မနက်စောစောစီးစီးကတည်းက ငြင်းခုန်နေကြတယ်…"

ဟုတ်တယ်…ငယ်ငယ်နဲ့ ဦး တွေ့လိုက်ပီဆိုတာနဲ့ အမြဲ ငြင်းခုန်နေရတယ်…ဒါကို နှစ်ယောက်လုံး သတိထားမိတယ်

"ငယ် မစားတော့ဘူး ဒေါ်ဒေါ် "

"စားမှပေါ့ ငယ့်လို ကျောင်းသူအရွယ်တွေက မနက်စာ စားသင့်တယ်ကွဲ့"

"နောက်နေ့မှ စားမယ်လေနော် ဒေါ်ဒေါ် " ငယ်ငယ်ပြောပီး ထွက်သွားဖို့ လုပ်တုန်း

"သီဟ တံခါးပိတ်ထားလိုက် အပြင်မထွက်စေနဲ့"

ဘေးနားက သီဟကို ဦးက လှမ်းခိုင်းလိုက်တယ်…သီဟလဲ အရှေ့တံခါးမကြီးကို ငယ်ငယ် ထွက်မရအောင် ပိတ်လိုက်သည်…ပီးမှ ဦးက ငယ်ငယ့်ကို…

"ငယ်ငယ် breakfast လာစား"

"မစားဘူး"

"ငယ်ငယ့်အတွက်ပြောနေတာနော်…ခုလာစား"

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now