Lovely little Wifey Part-6

17.1K 232 3
                                    

"ဒေါ်ဒေါ်ရေ ငယ်ပြန်ရောက်ပီ...ဟာ ကြီးမြ!"
ငယ်ငယ်ကျောင်းက ပြန်ရောက်"ချင်း ကြီးမြကို မြင်လိုက်တာမို့ ပြေးဖက်လိုက်တယ်...

"ကြီးမြ ငယ်ငယ့်ဆီကို ဖုန်းတောင်မဆက်ဘူး...နေနိုင်လိုက်တာနော် ဟွန့်"

"မဟုတ်ပ့ဘူးကွယ်...ကြီးမြလဲ ငယ့်တီတီ့အိမ် ရောက်နေလို့ပါ"

"တီတီ ဘာပြောလိုက်သေးလဲ"

"တီတီက ငယ့်ကို လွမ်းနေတာတဲ့...တွေ့ချင်တာ အလုပ်များ‌ေနလို့ မတွေ့နိုင်ဘူးတဲ့..."

|ကြီးမြ ငယ့်ကို လိမ်ပြန်ပီနော်...| ကြီးမြက အရင်ကတည်းက တီတီနဲ့ ပက်သက်ရင် အမြဲ လိမ်ခဲ့တယ်...ငယ်ငယ်ကတော့ ကြီးမြပြောသမျှ ယုံခဲ့ဖူးပါတယ်...သိတတ်စ အရွယ်ရောက်ကတည်းက စဉ်းစားနိုင်စွမ်းရှိပီဆိုတော့ လိမ်တာမှန်း သိလာခဲ့တယ်...

"တီတီက အမြဲ အလုပ်များနေတာပဲ နော်"

"အဲ့တာ ငယ့်အတွက် လုပ်နေတာပဲလေ"

"ဟန့် အပိုတေ...ထားပါတော့ ကြီးမြ ညအိပ်သွားပါလား ငယ်နဲ့လေ"

"မအိပ်တော့ပါဘူး ငယ်ရယ်...ကြီးမြက ငယ့်ကို ခနလာတွေ့တာ ပြောရရင်လာနူတ်ဆက်တာပေါ့"

"ကြီးမြက ဘယ်သွားမို့လဲ"

"ကြီးမြ ရွာပြန်နေတော့မာ...သမီးကလဲ ပြန်ခေါ်နေပီလေ...အသက်ကလဲ ရလာပီဆိုတော့ ကြီးမြ နားတော့မလို့ကွဲ့..."

"‌ဪ...အွန်းပါ ကြီးမြလဲ နားရတော့မာပေါ့"
အစကတော့ ကြီးမြကို ဒီမှာ အလုပ်လုပ်ဖို့ ပြောမလို့ပါ...ကြီးမြက နားချင်တယ် ဆိုတော့လဲ...

"ကဲ ကြီးမြ ပြန်တော့မယ်...ကားက 6နာရီ ထွက်မာဆိုတော့ အမှီသွားရအုံးမယ်"

"ဟုတ်" ကြီးမြ"
ငယ်ငယ် ကြီးမြကို ဖက်ရင်း မျက်ရည်များ ကျလာသည်...ကြီးမြက သုတ်ပေးရင်း

"ငယ် မငိုနဲ့လေကွယ်...ကြီးမြ ဖုန်းဆက်ပါမယ်နော်"
ကြီးမြကလဲ ပြောရင်း မျက်ရည်များဝိုင်းလာသည်...

"ကြီးမြ ငယ့်ဆီကို ဖုန်းမကြာခန ဆက်ရမယ်နော် ဟင့်"

"အေးပါကွယ် ကြီးမြဆက်ပါမယ် သွားတော့မယ်ကွယ်...ငယ် တီတီ့ကို မမုန်းရဘူးနော်"

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now