Lovely little Wifey Part-7

17.6K 226 5
                                    

   ဦး ရေချိုးခန်းကထွက်တော့ အိပ်ရာပေါ်မှာ ငယ်ငယ်ထိုင်နေတာကို တွေ့လိုက်သည်... လူကောင်သေးသေးလေးနဲ့ ငယ်က ခြေထောက်ကို လက်နှစ်ဖက်နဲ့ ဖက်ပီး ထိုင်နေပုံလေးက တစ်မျိုးချစ်ဖို့ကောင်းနေပြန်သည်...
  
   "ငယ်...အခန်းကို ပြန်သွားပီ ထင်နေတာ"

   "ဦး"
 
    "ဗျ"

    "ဦးအခန်းမှာ ငယ်အိပ်ချင်တယ်..."

    "ငယ်လေး သဘောအတိုင်းဗျာ..."
   ငယ်ငယ့်ခေါင်းလေးကို တစ်ချက်နမ်းလိုက်ပီး ဘီရိုနားမှာ အဝတ်ရှာနေတဲ့ဦး...ခုမှ သေချာကြည့်မိတယ်...အောက်ပိုင်းကို တဘတ်အဖြူတစ်ထည်ပဲ ပတ်ထားတာမို့...မြင်နေရတဲ့ဦးရဲ့ ပုခုံးက တော်တော်ကျယ်သည်...ဗိုက်နားမှာ ထွက်နေတဲ့ အဖုအထစ်တွေကလဲ ရေစက်လေးတွေ တင်နေတာမို့ ကြည့်ကောင်းသည်...အဝါသန်းနေတဲ့ အသားအရေကလဲ ဆွဲဆောင်နေပြန်သည်...ငယ်ငယ် ဦးကို ခေါင်းအစ ခြေအဆုံး စိုက်ကာကြည့်နေသည်...

   "ဟိတ်! ဘာကြည့်‌နေတာလဲ"

   "ဘာကြည့်လို့လဲ"
   ဘီရိုမှန်ကနေ ငယ်ကြည့်နေတာကို ဦးသတိထားမိသည်...

   "နှာဘူးမလေး"

   ဦးကငယ့်ရဲ့ နှာခေါင်းလေးကို လက်‌ညိုးလေးနဲ့ ပုတ်ရင်း ပြောလိုက်ပီး...အိပ်ရာပေါ်တက်ပီး ဘယ်ဘက်ဘေးအစွန်းနေရာကိုယူလိုက်သည်...

   "အဲ့အတိုင်းပဲ ထိုင်နေတော့မာလား ငယ်"
   ငယ်ကိုယ်တိုင် အိပ်ချင်တယ်ပြောပေမယ့်လဲ တကယ်အိပ်ရတော့မှာဆိုတော့လဲ ရင်‌ထဲမှာတုန်လှုပ်နေသည်...

    "ငယ့်ကို ဘာမှမလုပ်ပါဘူးကွာ...ကတိ‌‌ နော်...လာအိပ်တော့...မနက်မနိုးရင် ကျောင်းနောက်ကျနေအုံးမယ်"
  
    ဦးပြောလိုက်မှ ငယ် ညာဘက်ဘေးအစွန်းနေရာလေးမှာ ဝင်အိပ်လိုက်သည်...အိပ်ရာက ကြီးတာမို့ ဦးနဲ့ငယ့်ကြားမှာ လူတစ်ယောက်စာနှစ်ယောက်စာလောက် လွတ်နေသည်...

   ဦးကို နောက်ကျောပေးပီး အိပ်နေတဲ့ငယ်ရဲ့ လည်ပင်းအောက်ကို လက်တစ်ဖက် အသာထိုးလိုက်ပီး တစ်ဖက်က ခါးလေးကို ဆွဲဖက်လာတာမို့ ငယ့်ရဲ့ ကိုယ်သေးသေးလေးက ဦးရင်ခွင်ထဲမှာ ပျောက်သွားသည်...

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now