Lovely little Wifey Part-12

14.4K 170 6
                                    

   "ငယ်..."

   "အွန်း.....အင် ဦးနိုးနေပီလ့"

   အိပ်ရာဘေးအစွန်းမှာ ထိုင်ပီးကြည့်နေတဲ့ ဦးကို ငယ်မေးလိုက်သည်။ဦးက ငယ့်ရွှေရောင် ဆံပင်လေးများကို တယုတယ သပ်ပေး‌နေသည်။

   "အွန်း မနက်စာစားရအောင်လို့ ငယ့်ကို နိူးတာ"

   "ဘယ်အချိန်လဲ ခု"

   "မနက် ၁၀နာရီ ထိုးပီ"

   "နောက်ကျ‌ေနပီပဲ ထမယ် ထမယ် အား.."

   "ငယ်လေး နာနေတုန်းလား"

   ညက ဟိုတယ် ပြန်ရောက်ရောက်ချင်း  ဦးက ခွင့်ပြုပေးပါဆိုလို့ ငယ်ခွင့်ပြုလိုက်တာ ည‌ေတာ်‌ေတာ်နက်မှ အိပ်ရတော့သည်။

   "နာတာပေါ့ မနာဘဲနေမလား"

   "ဆောရီးပါကွာနော် ကိုယ် မနေ့ညက စိတ်လွတ်သွားလို့ပါ.."

   "မသိပါဘူး သွား လုပ်တုန်းက လုပ်ထားပီး"

   "နောက်ခါ မဖြစ်စေရဘူး ကတိပေးတယ်နော်"

   "ယုံရမှာလား"

   "ကိုယ်က လူလိမ်မဟုတ်ပါဘူး"

   "ယုံစေချင်ရင် morning kiss ပေး"

   "ဒီကလေးကွာ...ဘယ်က တတ်လာလဲ ဟင်"

   "ဦးဆီက တတ်တာ"

   "အဟားဟား"

   ငယ်နှင့် ဦး မနက်ခင်းကို အနမ်းများနှင့်သာ မွေ့လျော်ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။မနက်စာ စားပီးအခန်းကို ပြန်ရောက်တော့ ငယ် ရေကူးဖို့ ဦးကို ပူစာတော့သည်။

   "ဦး လုပ်ပါလို့ ခုသွားရအောင်"

   "မနက်စာစား ပီးပီးချင်း ရေမကစားရဘူး ငယ်"

   "စားပီး အခန်းထိ လမ်းလျှောက်ခဲ့ပီးပီပဲဟာကို နော်"

   "မရဘူး နေကလဲ အရမ်းပူနေတယ်လေ ကူးချင်ရင် ရေကူးကန်မှာပဲ ကူး"

    "ဟာ ဦးကလဲ ကမ်းခြေရောက်မှတော့ ဘာလို့ ရေကူးကန်မှာ ကူးမှာလဲလို့ အိမ်မှာလဲ ကူးလို့ရတာပဲကို နော် နော်လို့ ပင်လယ်မှာ သွားကူးချင်တယ်လို့"

   "မရဘူး မကူးရဘူးဆို မကူးရဘူးပဲ"

   "ဦးက လူယုတ်မာကြီး ဦးကို စိတ်ဆိုးတယ် ညကျ ငယ်နဲ့ လာမအိပ်နဲ့ ငယ့်ကိုလဲ လာမထိနဲ့တော့"

Lovely little Wifey !!🔞 warning 🔞!!जहाँ कहानियाँ रहती हैं। अभी खोजें