Lovely little Wifey Part-18(final)

17.2K 165 8
                                    

    ဖြူဖွေးပီး ကြီးမားတဲ့ ဂါဝန်ဝဲဝဲရီးဟာ ငယ်ရဲ့ ပုခုံးပေါ်ကို ကျဆင်းနေတဲ့ ရွှေရောင် ဆံသားအကောက်လေးများနှင့် အလွန်လိုက်ဖက်နေသည်။18နှစ်ပြည့်ပြီ‌ဖြစ်တဲ့ငယ်...အသက်အရွယ်ကြီးလို့လား...မဟုတ်ရင် မျက်နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်များကြောင့် ဖြစ်ပါလိမ့်မယ်။

    အမြင်မှာ ကျက်သရေရှိတဲ့ အမျိုးသမီး‌လေး တစ်ယောက် ဖြစ်နေသည်။ပုလဲကို ကြိုက်တာကြောင့် ကျော့ဆင်းနေတဲ့ လည်တံလေးမှာ ပန်းနုရောင် သန်းနေတဲ့ ပုလဲကုံးလေးနဲ့ လည်တိုင်ရဲ့အလှပေါ်အောင် ဝတ်ဆင်ထားသည်။ကျောက်နီလေးတစ်ပွင့်သာ စီခြယ်ထားတဲ့ နားကပ်တစ်စုံကြောင့်လဲ ငယ့်ရဲ့ မျက်နှာလေးမှာ ပေါ်လွန်းလှသည်။

    တစ်ဝက်သာ စည်းထားသည့် ရွှေအိုရောင် ဆံပင်လေးပေါ်မှာ ပန်းကုံး အသေးလေးတစ်ခုကို တင်ထားပြီး ထိုပန်းကုံးမှ ကျဆင်းနေသည့် အဖြူရောင် ပိတ်စမှာ ငယ့်ရဲ့ ကျောပြင်ကို ဖုံးလွှမ်းကာ အောက်ထိ ရှည်လျားသွားသည်။ထိုကဲ့သို့ လှပလွန်းတဲ့ သတိုးသမီးကို ပိုင်ဆိုင်ရတဲ့ ခန့်မင်းထည် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိ‌သည်။

     မှန်တင်ခုံရှေ့မှာ ထိုင်ကာ ကိုယ့်အလှကို ကြည့်နေသည့် ငယ့်ကို ဝသုန်က စကားစလိုက်သည်။

    "ငယ်သွေး နင်ကလေ အရင်ကထဲက လှပါတယ်ဆို ဒီလို ပြင်လိုက်တော့ တကယ့်ကို အရုပ်မလေးလိုပဲ သိလား"

    "သိတယ် မပြောလဲ သိတယ် ဟီး"

    "ပြောမိတဲ့ငါက မှားတာပါ ကြည့်ပါအုံး မီသာဆို နင့်ကို ထိုင်ငေးနေတာ"

    "ဟိတ် ငါ့ရဲ့သတိုးသားလေး ငေးဖို့လဲ ချန်အုံးနော်"

    "အမလေး အဖြစ်သည်းနေလိုက်တာများ တော်ပီ မငေးတော့ဘူး"

    "ဟီးဟီး ဒါနဲ့ ဝသုန် နင်ကရော ဟိုတစ်ယောက်နဲ့ လက်မထက်ဘူးလား"

    "နင်ကလဲ ငါတို့တွဲလာတာ first yearစတက်တက်ချင်းလေ နှစ်လရှိသေးတာ ဘယ်လိုလုပ် လက်ထက်မလဲ"

    "ဘာဖြစ်လဲ နင်ကလဲ ၁၀ရက်နဲ့ လက်ထက်တာတောင် ရှိသေးတာပဲ"

    "အဲ့တာ သူများတွေလေ ငါက နင့်အားကျပြီး လက်ထက်ချင်ပေမယ့် သူက propose မလုပ်တော့ ငါက ဘယ်လိုလုပ် လက်ထက်ရမလဲ"

You've reached the end of published parts.

⏰ Last updated: Mar 25, 2023 ⏰

Add this story to your Library to get notified about new parts!

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now