Lovely little Wifey Part-13

12.4K 186 4
                                    

   "ဟိတ် !!"

   "အမလေး ဟာ လန့်လိုက်တာ မင်းမင်းရယ်"

   "ကျောင်း မှာကျ ငါ့ကို မသိသလိုနဲ့နော်"

   "မဟုတ်ပါဘူးဟာ ငါအခန်းဝင်လာတော့ နင့်ကိုမှမမြင်တာ"

   "အွန်း အောက်ခန ဆင်းသွားလို့"

   ငယ်နဲ့ မင်းမင်းတို့ ရင်းရင်းနှီးနှီး စကားပြောနေတာကြောင့် ဘေးက ဝသုန်နဲ့ မီသာတို့ အံ့ဩနေလေရဲ့။

   "ဟဲ့ ငယ်သွေး နင်နဲ့ လမင်းမောင် ဘယ်လိုလုပ် ဒီလောက်ထိ ရင်းနှီးသွားလဲ"

   "ဒီလိုပဲပေါ့"

   "နင်ကလဲဟာ အချင်းချင်းကို လျှိုလိုက်တာ"

   "နောက်ကျ ပြောပြမှာပေါ့ဟ အရင်ဆုံး သူ့ကို request လုပ်ရအုံးမယ်"

   "နင်တို့ နှစ်ယောက် တစ်ခုခုပဲနော်"

   "ဟိတ် ဘာတွေလျှောက်ပြောနေလဲ ငရဲတွေကြီးကုန်မယ် မင်းမင်းက ငါ့တွက် အကိုလိုပဲဟဲ့ သိရဲ့လား မပြောလိုက်ချင်ဘူး"

   "မသိပါဘူး နင်တို့ဟာကလဲ ရှုပ်လိုက်တာ တော်ပီ ဟိုဟာတွေနဲ့ပဲ သွားအတင်းတုပ်တော့မယ် လာ သွားမယ် ဝသုန်"

   "ကြွ ကြွ"

   ငယ် ဝသုန်တို့ကို မပြောတာ အကြောင်းရှိလို့ပါ။သူတို့ နှစ်ယောက်က အတင်းစပ်စု တတ်တာကို။မင်းမင်းနဲ့ ဘယ်လိုတွေ့ခဲ့လဲ ဆိုတာ စပြောလိုက်တာနဲ့ မင်းမင်းရဲ့ အကြောင်းကို အစွန်းဆုံးထိ မေးကြ‌ေတာမှာလေ။တစ်နေ့ထဲနဲ့ကို ပြောလို့ပီးမှာမဟုတ်ဘူး။‌ငယ့်ဘေးကနေ အ့လို ဆက်တိုက်လိုက်မေးမှာကို ငယ် မလိုချင်လို့ပါ။

   မင်းမင်းနဲ့ ခင်ပီးကတည်းက ငယ် ကျောင်းက အပြန်ဆို ဝသုန်တို့နဲ့ မပြန်ဖြစ်တော့ဘူး။သူတို့ကလဲ သူတို့အဖွဲ့နဲ့ သူတို့ဆိုတော့။မင်းမင်းနဲ့ အိမ်ကို လမ်းလျှောက်ပြန်ရင်း အေးအေးဆေးဆေးစကားပြောရတာကို ငယ် သဘောကျသည်။‌ဒါကြောင့်မို့လဲ ကိုသီဟကို ညနေလာမကြိုဖို့ မှာထားရတယ်။

   တစ်နေ့ အိမ်ကို ကြီးမြလာလည်တယ်။ငယ်နဲ့ တွေ့တုန်း မုန့်ဟင်းခါး ချက်ကြွေးမယ် ဆိုလို့ မင်းမင်းကိုပါ အိမ်အပါခေါ်လာခဲ့တယ်။ကြီးမြရဲ့ မုန့်ဟင်းခါးလက်ရာက ဘယ်သူမှ လိုက်မမှီတာ တကယ်ပါ။

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now