Lovely little Wifey Part-15

11.6K 137 15
                                    

   မနက်နေရောင်ခြည်နဲ့အတူ ငယ်နိုးလာခဲ့ပါတယ်။ဘေးကို ကြည့်ကို ဦးကို မတွေ့ရ။ရေချိုးခန်းထဲမှာ ရေသံကြားနေရတာကြောင့် ဦး ရေချိုးနေမှန်း သိလိုက်သည်။

   အရင်က ငယ့်အတွက် ဦးက ရေချိုးပီးဝတ်ဖို့ အဝတ်အစားတွေ ထုတ်ထားပေးဖူးတာ တစ်ခါနှစ်ခါ မကပါဘူး။ဒီတစ်ခါတော့ ငယ် ဦးအတွက် အဝတ်အစားထုတ်ထားပေးချင်တယ်။

   ငယ် အဝတ်ဘီရိုကို ဖွင့်လိုက်ပီး အဝတ်အစားရွေးလိုက်သည်။ဘေးထောင့်လေးမှာ ရှိနေတဲ့ လေးထောင့်ဖူးလေး တစ်ဘူးကို ငယ် သတိထားမိလိုက်သည်။ဘူးကို ယူပီး ဖွင့်ကြည့်‌လိုက်တော့ ငယ် အံ့ဩမဆုံးဖြစ်သွားတယ်။

   ဘူးထဲမှာ ဦးနဲ့ အမျိုးသမီးတစ်ယောက် တူတူတွဲရိုက်ထားတာပါ။အဲ့ အမျိုးသမီးက ဦးလက်ကို ချိတ်ထားပီး ဦးကို ကြည့်ကာ ပြုံးနေသည်။ဦးကလဲ သူမကို ပြန်ကြည့်ပီး ပြုံးနေသည်။

   ငယ် သိပါသည်။ဦးရဲ့ မျက်နှာမှာ အပြုံးအစစ်ကို မြင်နေရသည်။ဦးက တကယ်ပျော်နေပုံပါ။ငယ် အံ့ဩမိတာ အ့ကြောင့်မို့ မဟုတ်ပါဘူး။ဦးက အရွယ်ရောက်တာကြာပီ ဆိုတော့ အရင်က ရည်းစားဟောင်း ဆိုတာ ရှိခဲ့မှာကို ငယ်နားလည်ပါတယ်။

   ဒါပေမယ့် ဦးရဲ့ ရည်းစားဟောင်စ ထိုအမျိုးသမီးက ငယ်နဲ့ ရုပ်ချင်းဆင်နေသည်။သေချာကြည့်ရင် မတူနိုင်ပေမယ့် ဒီဓာတ်ပုံကို မြင်တဲ့သူက ငယ်လို့ ထင်ကြမှာပဲ။

   ပုံထဲက သူမက ငယ်နဲ့ဆံပင်အရောင်ချင်း ကွာသည်။သူမက အနက်ရောင် ငယ်က ရွှေအိုရောင်။ပီး သူမ၏ ရုပ်ရည်သည် ကျက်သရေရှိသည်။ပုံကို ကြည့်ရုံနဲ့ အိန္ဒြကြေီးသည်ဆိုတာကို မြင်မိပါသည်။ငယ့်အတွက် သူမနဲ့ ငယ်က ရုပ်သာဆင်တာ လုံးဝကို ကွဲပြားနေတာ အမှန်ပါ။

   ငယ် ဓာတ်ပုံတွေ တစ်ပုံပီး တစ်ကြည့်နေရင်း ရေချိုးခန်းထဲက ဦးထွက်လာသည်။ရေချိုးခန်းတံခါး ဖွင့်သံကြားတာကြောင့် ငယ်ချက်ချင်း ဓာတ်ပုံများပြန်ထည့်ပီး ဘူးကို ပိတ်ကာ အစကထားထားတဲ့ နေရာကို ပြန်ထားလိုက်သည်။

   "ငယ်…ဘာလုပ်နေလဲ"

   "ဦးတွက် အကျီထုတ်ပေးမလို့ ရွေးနေတာ"

Lovely little Wifey !!🔞 warning 🔞!!Where stories live. Discover now