Chapter 1: Seven omegas

7.7K 748 34
                                    

Unicode


ထန်းပေါ်ထဲ့ဟာ ကြယ်တာရာအင်ပါယာရဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်သည်။ သူဟာတိုက်ပွဲတစ်ခုမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာကိုကုသဖို့အတွက် ရာထူးမှနှုတ်ထွက်ကာ အိမ်ပြန်၍ သူ့ပါတနာဖြစ်သည့် အိုမီဂါကို အဖော်ပြုပေးခဲ့သည်။ နိုင်ငံကြီးသားပီသသူပီပီ အင်ပါယာကထုတ်ပြန်ထားသည့် ကလေးမယူမနေရပေါ်လစီကို လိုက်နာသည့်အနေဖြင့် အိမ်ပြန်ရောက်တာနဲ့ကြိုးကြိုးစားစား ကလေးဖန်တီးတော့သည်။

ဗိုလ်ချုပ်ကြီးထန်းပေါ်ထဲ့တစ်ယောက် အရမ်း အရမ်း အရမ်းကို ကြိုးစားလိုက်တာမှ အံ့အားသင့်စရာမကောင်းလောက်အောင်ပဲ သူ့အိုမီဂါ ယွမ်ချိုး ကိုယ်၀န်ရှိသွားလေသည်။

ထန်းပေါ်ထဲ့ သူ့ကြိုးစားအားထုတ်မှုသူ အင်မတိအင်မတန်ကိုမှ စိတ်ကျေနပ်သွားကာ တကယ်ကိုယ်၀န်ရှိမရှိ စစ်ဆေးဖို့အတွက် ယွမ်ချိုးလက်ကိုဆွဲရင်း ဆေးရုံဆီပျော်ပျော်ရွှင်ရွှင်ကြီး ရောက်လာခဲ့သည်။ သို့သော် ထွက်လာတဲ့ရလာဒ်က ဆရာ၀န်ကိုပါ အံ့အားသင့်သွားစေသည်။

ယွမ်ချိုးဗိုက်ထဲ ကလေးခုနစ်ယောက်ရှိနေသည်ဆိုသည့်ဖြစ်စဉ်မှာ အရမ်းကိုမှရှားပါးလွန်းလှကာ ထိုသတင်းကိုကြားလိုက်ရသည့်သူတိုင်းကလည်း ပါးစပ်အ‌ဟောင်းသားလေးဖြစ်,ဖြစ်သွားကြသည်။

ယွမ်ချိုးကိုယ်တိုင်လည်း ကြား,ကြားချင်း တော်တော်လေးကိုအံ့အားသင့်သွားခဲ့ကာ ထန်းပေါ်ထဲ့ကတော့ ပါးစပ်မစိနိုင်လောက်အောင် ပျော်ရွှင်နေခဲ့သည်။ သို့သော် သူကြာကြာမပျော်လိုက်ရပါ။ ဆရာဝန်ဆီကနေ အိုမီဂါတစ်ယောက်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အားနည်းကြောင်း၊ ကလေးတွေ အများကြီး ကိုယ်ဝန်ဆောင်ထားရတာက ဘယ်လောက်အန္တရာယ်များကြောင်း ကြားသိလိုက်ရသည့်အခါ ထန်းပေါ်ထဲ့တစ်ယောက် တုန်ယင်နေပြန်သည်။

သူ့အတွက်ကတော့ ဘာနဲ့နှိုင်းယှဉ်,နှိုင်းယှဉ် သူ့အိုမီဂါရဲ့ ကျန်းမာရေးက အရေးကြီးဆုံးဖြစ်တာကြောင့် ရင်နာနာနဲ့ပဲ ယွမ်ချိုးကို နားပူနားဆာသွားလုပ်နေသည်။

ထန်းအိမ်တော်ရဲ့အိုမီဂါခုနှစ်ယောက်Where stories live. Discover now