Chapter 45

1.5K 299 20
                                    

Unicode

Chapter 45
___________________

ထန်းအာ့ယွမ်နိုးလာချိန် ဖုန်းကြောင့် သူ့မျက်နှာထက် အနီမှတ်ကြီးတစ်ခုဖြစ်ပေါ်လို့နေ၏ သူ ယင်းကိုပွတ်သပ်၍ အဲ့တိုင်းထားလိုက်သည်။

စောင်ပုံထဲကနေ သူထထိုင်ကာ ပျင်းရိလေးတွဲစွာဖြင့်အကြောဆန့်လိုက်ပြီးနောက် သူ့ဖုန်းကိုကောက်ယူ၍ မနေ့ညက လီချန်ပို့ပေးထားသောလိပ်စာအား ကြည့်လိုက်သည်။ သူ ယင်းအား ကျိုးကျယ်ဆီပြန်ပို့ပေးလိုက်ပြီး ကျိုးကျယ်၏မိဘတွေနှင့် ထိုနေရာတွင် ညစာအတူစားမည်ဖြစ်ကြောင်း ပြောလိုက်၏။ လီချန့်ညွှန်းပေးသည့်နေရာက ဘယ်လိုဖြစ်ဖြစ် ဆိုးရွားနေမည်မဟုတ်ပေ။

ထန်းအာ့ယွမ် ဆေးကြောသန့်စင်ပြီးနောက် သူ့မျက်နှာထက်ရှိအနီမှတ်က မှိန်ဖျော့သွားလေပြီ။ ကျေနပ်အားရမှုဖြင့် သူ့မျက်နှာလေးအားပုတ်ကာ မှန်ထဲရှိပုံရိပ်ကို အပြုံးတစ်ပွင့်ပေးလိုက်သည်။

သူအပြင်ထွက်လိုက်ချိန် ကျိုးကျယ်က မက်ဆေ့ချ်တစ်စောင်နှင့်အတူ ပြန်ဖြေထားလေပြီ
“လက်ခံရရှိပါတယ်၊ ဂွတ်မောနင်းပါ”

အတန်ငယ်ပျင်းရိသလိုခံစားရရင်း ထန်းအာ့ယွမ် ‘နေ့လယ်ကျတွေ့မယ်’ဟူ၍ စာပြန်လိုက်ပြီးနောက် သူ့ဖုန်းကို ဘေးဘက်သို့ပစ်တင်ထားလိုက်သည်။

သူ တစ်မနက်ခင်းလုံး စတူဒီယိုထဲနေ၍ သူ့ဒီဇိုင်းတွေနှင့် အလုပ်လုပ်နေခဲ့သည်။ တက္ကသိုလ်တွင် သူဒီဇိုင်းဆွဲခြင်းကို သင်ယူခဲ့ပြီး ဘွဲ့ရရချင်းမှာပဲ သူ့ကိုယ်ပိုင်စတူဒီယိုကို ဖွင့်လှစ်ခဲ့လေသည်။ အခုလို နေ့ခင်းဘက် သူအားလပ်ချိန်ရှိနေတဲ့အခါမျိုးမှာ သူစိတ်ကူးဉာဏ်ကွန့်မြူးလာခဲ့ရင် ပုံဆွဲလေ့ရှိပြီး မည်သည့်စိတ်ကူးစိတ်သန်းမှမရှိတဲ့အခါကျရင်တော့ ဉာဏ်ကွန့်မြူးလာစေရန် လျှောက်ပတ်ကစားနေတတ်ကာ ယင်းက ချည်နှောင်ထားမခံလိုသည့်သူ့စရိုက်နှင့် သင့်တော်လှ၏။

လီချန့်အမေက ဖက်ရှင်ကုမ္ပဏီတစ်ခုပိုင်ဆိုင်လေပြီး ထန်းအာ့ယွမ်က သူမကုမ္ပဏီနှင့်အကြိမ်ရေအနည်းငယ်ခန့် အလုပ်တူတူတွဲလုပ်ဖူးသည်။ သူမကုမ္ပဏီ၏တည်နေရာနှင့် သူရင်းနှီးလေပြီး ထိုအနီးနားရှိစားသောက်ဆိုင်တွေကိုလည်း သူမရင်းနှီးတာမျိုးမဟုတ်ပေ။ လီချန့်ညွှန်းတဲ့ဆိုင်ကို သူ မရောက်ဖူးရုံလေးတင်ပင်။ ကြည့်ရတာ အသစ်ဖွင့်ထားတာဖြစ်ပေမည်။

ထန်းအိမ်တော်ရဲ့အိုမီဂါခုနှစ်ယောက်Where stories live. Discover now