Chapter 44

2.4K 315 25
                                    

Unicode

Chapter 44

_________

ထန်းအာ့ယွမ် ကျိုးကျယ်ကားထဲဝင်ထိုင်လိုက်ပြီး သူ့ကိုယ်ကို မသက်မသာလှုပ်ရှားကာ သက်သောင့်သက်သာထိုင်လို့ရမည့်ပုံစံရအောင် လှုပ်ရှားလိုက်သည်။

ကျိုးကျယ်က အရင်ဆုံး သူ့အဖေကို ဖုန်းခေါ်လိုက်ပြီး သူ ထန်းအာ့ယွမ်ကို အိမ်လိုက်ပို့ပေးရမှာမို့ သူ့ညီအတွက် ရေခဲမုန့်မဝယ်ပေးနိုင်တော့အကြောင်း လှမ်းပြောလိုက်သည်။ သူ့အဖေက အမှန်ပင် ဒေါသမထွက်ဘဲ အဲ့အစား ထန်းအာ့ယွမ်ကို ကောင်းကောင်းဂရုစိုက်ပေးဖို့ သူ့ကိုတိုက်တွန်းနေခဲ့၏။

ကျိုးကျယ်ဖုန်းချလိုက်ပြီး ကားစက်နှိုးကာ လမ်းမကြီးတစ်လျှောက် ဦးတည်မောင်းလိုက်ရင်း အမေးဆိုလိုက်သည်၊ ဂရုမထားသည့်ပုံစံဖြင့်ပင်
“အာ့ယွမ်၊ မင်း ဘယ်လိုလုပ် လီချန့်နဲ့အတူရှိနေတာလဲ”

ထန်းအာ့ယွမ် ကားပြတင်းပေါက်ကနေတစ်ဆင့် လျင်မြန်စွာဖြတ်ကျော်သွားသောရှုခင်းတွေကို ကြည့်နေရင်း သာမန်ကာလျှံကာဖြင့် ပြန်ဖြေလိုက်သည်
“ငါဒီနေ့ ငါ့တိတိစန်းယွမ်ရဲ့ရိုက်ကွင်းကိုသွားတာ၊ ဖြစ်ချင်တော့ လီချန့်ကလဲ လီရှင်းရန်ကို လာကြည့်တယ်လေ အဲ့ဒါနဲ့ ငါ သူနဲ့ ရှူတင်မှာဆုံမိသွားတာ”

လီရှင်းရန်၏နာမည်ကိုကြားတော့ ကျိုးကျယ်ရဲ့လှုပ်ရှားမှုတွေက တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် သူ့နှုတ်ခမ်းထောင့်ကို တင်းတင်းစေ့လိုက်သည်။

“ငါ ဒီနေ့ လီရှင်းရန်နဲ့တွေ့ခဲ့တယ်။ သူက အနာဂတ်မှာ မင်းအပေါ် ပိုကောင်းပေးဖို့ ငါ့ကိုပြောတယ် သူ့ကြည့်ရတာ မင်းကို ဂရုစိုက်သေးပြီး လက်မလွှတ်နိုင်သေးပုံပဲ”

ထန်းအာ့ယွမ် သူ့အားကြည့်ရန် ခေါင်းလှည့်လိုက်ပြီး အတက်အကျမရှိသောလေသံဖြင့် ပြောလိုက်သည်။

ကျိုးကျယ်ရဲ့လက်မောင်းတွေက ကားမောင်းနေရင်း အနည်းငယ်တောင့်တင်းနေလျက်၊ တိုက်တိုက်ဆိုင်ဆိုင် သူ့ရှေ့ မီးနီသွားတာကြောင့် ကျိုးကျယ်ကားရပ်လိုက်သည်။ တဒင်္ဂမျှတိတ်ဆိတ်ပြီးနောက် သူ့ခေါင်းအားလှည့်၍ ထန်းအာ့ယွမ်ကိုကြည့်လာပြီး အတော်လေးလေးနက်သောအမူအရာဖြင့် ပြောလာခဲ့သည်
“ဒါပေမဲ့ ကိုယ်ကတော့ သူ့ကို လွှတ်ချလိုက်ပြီ။ အာ့ယွမ် ကိုယ် မင်းကို လက်ထပ်ခွင့်တောင်းလိုက်ကတည်းက ကိုယ့်နှလုံးသားထဲမှာ အခြားတစ်ယောက်ကို စဉ်းစားနေမှာမဟုတ်ဘူး။ ကိုယ် သူနဲ့ ဘာဆက်ဆံရေးမှ ထပ်ရှိတော့မှာ မဟုတ်တဲ့အကြောင်းကို ကိုယ်အာမခံနိုင်တယ်”

ထန်းအိမ်တော်ရဲ့အိုမီဂါခုနှစ်ယောက်Where stories live. Discover now