Chapter 15

4.8K 760 61
                                    

Unicode

Chapter 15

___________________

မနေ့တုန်းက ယွမ်ချိုးဟာ ‘မကောင်းဆိုးဝါးအိုလေး’ မုန်တိုင်းထဲမှာ နစ်မြုပ်သွားတာမို့ ထန်းပေါ်ထဲ့ကိုဖယ်ခွာရှင်းလင်းနေရတာနဲ့ အလုပ်ရှုပ်နေခဲ့ရာ သူ့သားအား ဂရုမစိုက်နိုင်မိခဲ့။ ဒီမနက် သူနိုးလာပြီးနောက် ဘာတွေဖြစ်သွားတာလဲဆိုတာ တိတိကျကျမေးရန် သူ့သားကို ဖုန်းခေါ်ဖို့ ဆုံးဖြတ်လိုက်၏။

ထန်းယီးယွမ်၏ဖုန်းမြည်လာတဲ့အချိန် သူအိပ်နေတုန်းပင်၊ ကုတင်ပေါ်မှာ လဲလျောင်းနေပြီး သူ၏ရှည်သွယ်ဖြူဖွေးသောလက်မောင်းတို့ကို ဖော်ပြထားကာ လက်ထဲတွင်တော့ အိပ်ရာခင်းစကို ကိုင်ထားလျက်ဖြင့် သူ့ပါးစပ်ထောင့်၌အပြုံးတစ်ပွင့် ချိတ်ဆွဲထားလေသည်။

လုချန်က အစောကတည်းကနိုး၍ ဆေးကြောသန့်စင်ပြီးသွားလေပြီ။ ဖုန်းမြည်သံကို သူကြားလိုက်ရချိန် သူ့မျက်နှာအားသုတ်ကာ ထွက်လာလိုက်၏။ ယွမ်ချိုးခေါ်မှန်းမြင်တော့ မနှောင့်နှေးရဲဘဲ ဖုန်းကိုယူကာ ထန်းယီးယွမ်ကို ကမ်းပေးရန်ကြိုးစားလိုက်သည်။

“ယီးယွမ်၊ ဖုန်း”

ထန်းယီးယွမ် မျက်လုံးဖွင့်လိုက်ပြီး ပျင်းရိစွာဖြင့် ခေါင်းအုံးအားပွတ်သပ်နေကာ ခေါင်းအုံးကို ခွဲမသွားချင်ဖြစ်နေလေသည်။

ခုမှနိုးခါစမို့ ပျင်းတိပျင်းရွဲဖြစ်နေတဲ့သူ့ပုံစံလေးကို လုချန်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် လျှောက်သွားလိုက်ကာ တစ်ဖက်လူအား ဖုန်းကမ်းပေးလိုက်၏။ သူ့အမူအရာက သဲသဲလှုပ်ချစ်မြတ်နိုးနေပုံပေါ်ပြီး ယင်းကိုသူကိုယ်တိုင်ပင် သတိမထားမိ။ သူ့အကြည့်က ထန်းယီးယွမ်၏မျက်နှာပေါ် မမှိတ်မသုန်ကျရောက်သွားပြီး သူ့ခြေဖဝါးအောက်မှ ဖိနပ်ပါးတို့က ကုတင်ခြေထောက်တို့နှင့် တိုက်မိသွားမှန်း သတိမမူမိခဲ့ပေ။ လျှပ်တစ်ပြက်အတွင်း သူအိပ်ရာပေါ်ပြုတ်ကျသွားပြီး ထန်းယီးယွမ်အပေါ်တည်တည့်ကို ပြုတ်ကျသွားကာ သူ့လက်ချောင်းကလည်း အမှုမဲ့အမှတ်မဲ့ဖြင့် ဆက်သွယ်သည့်ခလုတ်အား နှိပ်မိသွားလေသည်။

ထန်းအိမ်တော်ရဲ့အိုမီဂါခုနှစ်ယောက်Where stories live. Discover now