Chapter 20

4.6K 651 22
                                    

Unicode

Chapter 20

_____________

အောက်ဆင်းရမဲ့အချိန်မှာ ထန်းယီးယွမ်တွင် အားအင်တချို့ပြန်ရလာပြီဖြစ်ပေမဲ့ လုချန်ကတော့ သူလေကိုပဲချော်နင်းမိပြီး ပြုတ်ကျသွားမှာစိုးရိမ်တယ်လို့ပြောရင်း သူ့အားသယ်သွားလေသည်။

ထန်းယီးယွမ်ရှက်သွေးဖြာကာ လုချန်ရဲ့ရင်ဘတ်ထဲခေါင်းအပ်ထားလိုက်ပြီး အိမ်တော်ထိန်း၏နှုတ်ခမ်းထက်မှ တိတ်တခိုးအပြုံးကို မမြင်သလို ဟန်ဆောင်နေလိုက်သည်။

မီးဖိုချောင်မှ ထမင်းနံ့ဖျော့ဖျော့က လေနှင်ရာလွင့်ပါလာကာ ထန်းယီးယွမ် သူ့ဗိုက်လေးကို မထိဘဲမနေနိုင်တော့၊ ဗိုက်ဆာလိုက်တာ

လုချန် ယင်းအား သူ့မျက်လုံးတွေဖြင့် တပ်အပ်မြင်လိုက်ရပြီး စိတ်ထဲတွင်အာရုံစိုက်လိုက်ရင်း မပြုံးဘဲမနေနိုင်တော့ချေ။ သူ ထန်းယီးယွမ်အား ဖက်ကာ ထမင်းစားပွဲဆီခေါ်သွားလိုက်ပြီး စားစရာတွေကို ခပ်မြန်မြန်လာချပေးဖို့ အိမ်တော်ထိန်းကိုပြောလိုက်၏။ သူ ညစာစားပွဲတွင်ထိုင်ကာ စားပွဲမျက်နှာချင်းဆိုင်မှ ရှန်ချင်းအားနှုတ်ဆက်လိုက်ပြီး ထန်းယီးယွမ်ကို သူ့ပေါင်ပေါ်တွင် ထားလိုက်သည်။

ရှန်ချင်းက သူတို့မျက်နှာချင်းဆိုင်မှာ ထိုင်နေတာဖြစ်ကာ လုပ်နေကျအတိုင်းမျက်နှာကိုရှုံ့မဲ့လိုက်ကာဖြင့် ထိုမြင်ကွင်းအားကြည့်လိုက်ပြီးနောက် ခေါင်းငုံ့၍ ပင်လယ်စာခေါက်ဆွဲပြုတ်အစပ်ကို အလုတ်ကြီးကြီးစားလိုက်သည်။

သူလာတဲ့အချိန်တိုင်း သူတို့ချစ်ခြင်းတွေပြသနေတာကိုပဲ ခံနေရတယ်၊ တစ်ကိုယ်တည်းခွေးလေးတွေရဲ့ ပူဆွေးမှုကို ဘယ်သူနားလည်နိုင်မှာလဲ!

ထန်းယီးယွမ် ရှက်သွေးဖြာသွားပြီး နည်းနည်းလောက်ရုန်းကန်လိုက်ပေမဲ့ လုချန်ကတော့ သူ့အားဖက်ထားတုန်းပင်။ အိမ်တော်ထိန်းက စားစရာတွေကို သယ်ယူလာပြီး ထန်းယီးယွမ်က ဖျားနေတုန်းမို့ သူ့အတွက်က ပွက်ပွက်ဆူအောင်ကျိုချက်ထားသည့် အရသာပေါ့ပေါ့မှိုဆန်ပြုတ်လေးပင်။

ထန်းအိမ်တော်ရဲ့အိုမီဂါခုနှစ်ယောက်Where stories live. Discover now