Chapter 24

3.9K 718 95
                                    

Unicode

Chapter 24
___________________

မဟုတ်ဘူး၊ လုချန်သတိရသွား၏ သူ့မှာ သူ့အပေါင်းအသင်းတွေရှိနေတုန်းပဲ၊ သူ့ညီအစ်ကိုတွေကတော့ ကျိန်းသေပေါက်သူ့ဘက်မှာ ရှိကြမှာပဲ!

နောက်တစ်ညတွင် လုချန်က ကားထဲ၌ခြေလှုပ်နေရင်းဖြင့် သူ့လက်ထောက်အား ခေါ်လိုက်သည်
“ရှောင်ကျွမ်း၊ မြို့တော်မှာ အကြီးဆုံးနဲ့ဇိမ်အကျဆုံးဖျော်ဖြေရေးနေရာက ဘယ်နေရာလဲ”

လက်ထောက်ထိုအကြောင်းတွေးလိုက်မိတော့ သူ့သူဌေးက သူ့ရဲ့သစ္စာရှိမှုကို စမ်းသပ်နေတာပဲဖြစ်ရမယ်လို့ ခံစားရလေသည်။ လုအုပ်စုရဲ့အဖွဲ့ဝင်တစ်ယောက်အနေနဲ့ သူ့စိတ်ထဲတွင် ယင်းက သေချာပေါက် အကြီးဆုံးနဲ့အခမ်းနားဆုံးဖြစ်သည့် လုမိသားစု၏ဖျော်ဖြေရေးနေရာ *‘စည်းစိမ်ရမ္မက်မယ်မွေ့လျော်ဖွယ်’သာဖြစ်တာမို့ သူလေးလေးစားစားနဲ့ အမှန်အတိုင်းဖြေကြားလိုက်သည်။

[*纸醉金迷 : idiomတစ်ခု၊ နဂိုကတော့ တောက်ပဝင်းလက်နေသည့်ရွှေစက္ကူတွေနဲ့ အလှဆင်ထားတာကို ရည်ညွန်းသည်၊ လူတွေကို ယစ်မူးစေတဲ့ ချမ်းသာကြွယ်ဝတဲ့အခြေအနေအတွက် ဥပစာတစ်ခုပင်။ တစ်ခါတလေကျ ဇိမ်ကျပြီးခမ်းနား၊လက်ဖွာတဲ့ဘဝကို ဖော်ညွှန်းရန် သုံး၏။ အင်္ဂလိပ်လိုက Drunk on Radiant Goldပါ၊ မြန်မာလိုကတော့ အိုင့်ကျယ်ကျဲကူစဉ်းစားပေးထားတဲ့ အပေါ်ကအတိုင်းပဲပြန်လိုက်ပါတယ်><]

လုချန် ဖုန်းချကာ သူ့အပေါင်းအသင်းအုပ်စုဆီ မက်ဆေ့ချ်တစ်စောင်ပို့လိုက်ပြီး စည်းစိမ်ရမ္မက်မယ်မွေ့လျော်ဖွယ်တွင် တွေ့ဆုံရန် ပြောလိုက်၏။ ယင်းနောက် လမ်းညွှန်အားဖွင့်ကာ မြို့တော်ရှိ အကြီးမားဆုံးဖျော်ဖြေရေးနေရာဖြစ်သည့် ဒဏ္ဌာရီလာစည်းစိမ်ရမ္မက်မယ်မွေ့လျော်ဖွယ်သို့ လမ်းတစ်လျှောက်မောင်းနှင်သွားလိုက်သည်။

သူပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အချိန် နေရာတိုင်း၌ ရွှေရောင်သင်္ကေတတွေနှင့် အလှဆင်ထားမှုတွေရှိနေပြီး ကော်ဇောတောင်မှ ရွှေရောင်ပင်။

လုချန်နှုတ်ခမ်းတို့ကွေးတက်သွားပြီး လွန်စွာမိန်းမောသွားသလို ခံစားလိုက်ရသည်။ သူ့ကော်လံအား ဖြောင့်လိုက်ကာ သြဇာအပြည့်ဖြင့်အထဲသို့ဝင်သွားလိုက်ပြီး လက်ဝေ့ယမ်းရင်း ပြောလိုက်သည်
“ငါ့ကို အကြီးဆုံးသီးသန့်ခန်းတစ်ခုပေး”

ထန်းအိမ်တော်ရဲ့အိုမီဂါခုနှစ်ယောက်Where stories live. Discover now